ကင်တားနား ဝေဖန်ချက် ရခိုင်ကော်မရှင် တုံ့ပြန်

rakhine
Image caption လုံခြုံရေးတွေ တိုးချဖို့လည်း အစီရင်ခံစာမှာ အကြံပြုထား

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တားနား က ရခိုင် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက် တချို့ကို ကြိုဆိုခဲ့ ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရှိနေတယ် ဆိုတဲ့ ယုံကြည်ရ လောက်တဲ့ စွပ်စွဲမှု တွေကို အသေအချာ စုံစမ်း ပြီး ပြစ်မှု ကျူးလွန် သူတွေကို အရေးယူဖို့ အကြံပြုတာ မပါဘူးလို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားခဲ့ ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ကော်မရှင် ရဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကို ဆက်သွယ်ပြီး မေးကြည့်တော့ အရေးယူမှုတွေ မလုပ်ဘူး ဆိုတာက သက်သေ သက္ကာယ တွေကို ကြည့်တော့ ဆောင်ရွက် ထားတာ တွေ့ရတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ အားနည်းချက် တွေကို တွေ့ရတဲ့ အတွက် အဲဒါနဲ့ ပတ်သက်လို့ အကြံပြု ထားတာတွေ ရှိကြောင်း ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက် သူတွေမှာ အစိုးရ တာဝန် ရှိသူတွေ ပါနေတယ်လို့ ပြောထားတာနဲ့ ပတ်သက်လို့ ကော်မရှင်က အင်တာဗျူး တွေလုပ်ခဲ့တဲ့ အကြောင်း၊ သက်သေနဲ့ ပြနိုင်တာ အားနည်းကြောင်း၊ အကြားလောက် အမြင်လောက် နဲ့ ပြောတာ တွေကို အကြံပြုဖို့ ကတော့ ဥပဒေနဲ့ အညီလုပ်ဖို့ အတွက်ကို အသေအချာ ကတိပြုရမယ်၊ မလုပ်ရင် ဥပဒေအရ အရေးယူ ခံရမယ် ဆိုတဲ့ အဆင့်ပဲ ပြုလုပ်လို့ ရကြောင်း ပြောပါတယ်။

အချိန်နည်းနည်း ကြာပြီးမှ စုံစမ်း စစ်ဆေး မှုတွေကို လုပ်တော့ သက်သေပြဖို့ အခက်အခဲ တွေလည်း ရှိတဲ့ အကြောင်း ပြောပါတယ်။

အဲဒါဆို အခုပြောဆို စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ မဟုတ်ဘူးဆိုတာ ပြောလို့ ရလား ဆိုတာ ကိုတော့ ဒီအကြောင်းတွေကို စုံစမ်း စစ်ဆေးမှု တွေလုပ်ဖို့ ရခဲ့တဲ့ အချိန်နဲ့တောင် မလောက်ကြောင်း၊ အကြာကြီး ပြန်လုပ်ရမှာ ဖြစ်ကြောင်း၊ တိတိကျကျ ခိုင်မာတဲ့ စွပ်စွဲ ချက်တွေ ပြုလုပ်ဖို့က ရှိထားတဲ့ သက်သေ အထောက်အထားနဲ့ ခိုင်ခိုင်မာမာ ပြောဖို့ ခက်တဲ့ အကြောင်း၊ ဘယ်သူမှားတယ် မှန်တယ်လို့ အတိအကျ ပြောဖို့ သက်သေ သက္ကာယ မရှိကြောင်း ပြောပါတယ်။

နိုင်ငံမဲ့ ဖြစ်နေတဲ့ လူတွေ ရှိရင်လည်း ဒါဟာ လက်ခံထား ရတဲ့ နိုင်ငံရဲ့ တာဝန်ပဲ ဖြစ်ပြီး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း တွေနဲ့ အညီ ဆောင်ရွက်ဖို့ အကြံပြု ထားတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ