ဖေါက်ခွဲ ဖျက်ဆီးမှု ဖြစ်နိုင်တဲ့အတွက် လုံခြုံရေးတိုးချ

အင်ဒိုနီးရှားရှိ မြန်မာသံရုံး လုံခြုံရေးချထားစဉ်
Image caption အင်ဒိုနီးရှားရှိ မြန်မာသံရုံး လုံခြုံရေးချထားစဉ်

မြန်မာနိုင်ငံအတွင်း မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာကြား မကြာမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် ဝါဒစွဲပြင်းထန်သူတွေက မြန်မာနိုင်ငံအပေါ် ဂျီဟတ် ဘာသာရေး စစ်ပွဲဆင်နွှဲဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက် အကြမ်းဖက် ဖေါက်ခွဲမှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး မင်းအောင်က ရခိုင်ဘက်ကလာတဲ့ သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်ကနေ ထိုးဖေါက် လာနိုင်တယ် ဆိုတဲ့အတွက် နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးကို ပိုမိုတင်းကြပ် စစ်ဆေးဖို့ ဆောင်ရွက်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဘူးသီးတောင် မောင်တောမြို့တွေမှာ ဗုံးခွဲတိုက်ခိုက်နိုင်တယ် ဆိုတဲ့သတင်းတွေကြောင့် လူတွေ စိုးရိမ်နေကြပြီး ဆိုင်တွေစောပိတ်ကာ နေအိမ်မှညပိုင်း အပြင်သိပ်မထွက်ရဲကြဘူးလို့ ဒက္ကားရှိ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုလိုပြည်ပက တောင်းဆိုနေသလို မြန်မာနိုင်ငံအပေါ် ဂျီဟတ် ဘာသာရေးစစ်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ မော်လဝီအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဟာဂျီ ဦးကျော်စိုးက ဘီဘီစီကို ပြောပါတယ်။ ဘယ်ဘာသာမှာမဆို အစွန်းရောက်သူတွေရှိပြီး မြန်မာနိုင်ငံရှိ အစ္စလမ် အများစုကတော့ အခုဖြစ်နေတဲ့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာလိုတယ်လို့ သူက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ