မြဒေးကျွန်း ဆန္ဒပြခေါင်းဆောင်တွေကို ရုံးတင်

Image caption တရားစွဲ ဆိုသူ ၁၀ ဦးကို ခံဝန်နဲ့ ပြန်လွှတ် ပေးခဲ့ ပြီး၊ မေလ ၁၆ ရက်နေ့ ရုံးချိန်း ထပ်ပေး

ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်း ဒေသခံတွေ ကနေ တရုတ် ကုမ္ပဏီ CNPC ကြောင့် သူတို့ရဲ့ နစ်နာချက်တွေ အတွက် ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ရာ၊ အဲဒီ အထဲက ဦးဆောင် သူတွေလို့ ယူဆရသူ ၁၀ ဦးကို မြဒေးကျွန်း ရဲစခန်းမှူးက တရားလို လုပ်ပြီး ကျောက်ဖြူ မြို့နယ် တရားရုံး မှာ တနင်္လာနေ့ မနက်က ရုံးတင် တရားစွဲခဲ့ ပါတယ်။

ဒီလို တရားစွဲ တာကို မကျေနပ်တဲ့ မြဒေးကျွန်းက ရွာသား ၆၀ဝ ခန့်ဟာ သူတို့ကို လွှတ်ပေးဖို့ တောင်းဆို နိုင်ရေး အတွက် စက်လှေ တွေနဲ့ ကျောက်ဖြူ မြို့ပေါ်ထိ လိုက်လာ ခဲ့ကြတယ် လို့ ဆိုတယ်။

ရွာသားတွေဟာ ရုံးတက်လမ်း ကနေ တရားရုံးထိ စီတန်း ချီတက်ခဲ့ ကြပြီး ဗိုလ်ငမောက်လမ်းကို ရောက်တဲ့ အခါ၊ ခရိုင် ရဲမှူးကြီးနဲ့ မြို့နယ် ရဲမှူး အပါ အဝင် ရဲတပ်ဖွဲ့ဝင် တွေက တားပြီး တရားစွဲ ဆိုသူ ၁၀ ဦးကို ခံဝန်နဲ့ ပြန်လွှတ် လိုက်ပြီ ဖြစ်တာကြောင့် ပြန်သွား ကြပါလို့ ပြောဆိုတဲ့ အတွက် ရွာသားတွေဟာ တရားရုံးထိ ချီမတက်တော့ဘဲ လှည့်ပြန် သွားခဲ့ကြ တယ်လို့ ဆိုပါတယ်။

သူတို့ကို လာမယ့် မေလ ၁၆ ရက်နေ့မှာ ထပ်မံ ရုံးချိန်းပေး လိုက်တယ်လို့ ဆိုပါ တယ်။

ရွာသားတွေဟာ သူတို့ တောင်းဆို ထားတဲ့ အချက်တွေကို အာဏာပိုင် တွေက လိုက်လျော မပေးတဲ့ အပြင် ခုလို ရွာသား ဆယ်ဦး တရားစွဲ ခံရတဲ့ အတွက် မကျေနပ်မူတွေ ကတော့ အထူး တိုးပွားနေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ