USAID နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

Image caption မြန်မာ့ လယ်သမား အရေး ကာကွယ်ဖို့ ဆွေးနွေး

ဒီနေ့ ရန်ကုန်မြို့ အင်းလျားလမ်းမှာ ရှိတဲ့ လွှတ်တော် ရုံးခွဲမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည် ၊ အမေရိကန် သံအမတ် ဒဲရစ် မစ်ချယ် တို့ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အစိုးရဖွဲ့ဝင်တွေ စီးပွါးရေး လုပ်ငန်း အဖွဲ့အစည်းတွေဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူညီပေးရေး အဖွဲ့တို့ ပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ အမေရိကန် ဖက်က ကမ်းလှမ်းခဲ့တာ ဖြစ်ပြီးတော့ အစိုးရ အဖွဲ့ဝင်တွေ လွှတ်တော် ဥက္တဋ္ဌ အမေရိကန် သံအမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့တက်တဲ့ ပွဲမို့ လူစုံပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ လယ်ယာ ကဏ္ဏမှာ ဘာတွေပြူပြင် သင့်တယ် ဆိုတာနဲ့ လက်ရှိ ရေးဆွဲနေတဲ့ လယ်သမား တွေရဲ့ အကျိုးစီးပွါး ကာကွယ်ရေး ဥပဒေကို အဓိက ဆွေးနွေးခဲ့ ကြပါတယ်။

အမေရိကန်ဖက်က အကြံပေးချက် တွေကို ဒေါ်အောင်ဆန်းစု ကြည် က ပြောကြားရာမှာ ဥပဒေကြမ်း အချောသတ် ပြီးတာ တကယ် ဖြစ်လာတာရင် ကျမတို့ လုပ်သင့် လုပ်ထိုက်တာတွေကို ကျမတို့ လွှတ်တော်က ဆက်လက် ဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ဆိုသွားပါတယ်။

ဒါ့အပြင် USAID က အကြံဉာဏ်များဟာလည်း တန်ဖိုး ရှိတယ် ဆိုတာကို သိလာပြီး ကျမတို့ ဥပဒေ တွေကို ပိုမို ကောင်းမွန် ထိရောက်မှု ရှိလာအောင် ကြိုးစား လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်လို့ ဒီနေ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒီနေ့ပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော် ဥက္တဋ္ဌ သူရ ရွှေ မန်း ကတော့လယ်သမား အကျိုး ကာကွယ်တဲ့ ဥပဒေ ပြဌာန်းတဲ့ နေရာမှာ တရား မျှတ ၊ နည်းလမ်း ကျဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် က ကျွန်တော်တို့နဲ့ ပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ချင်တယ်လို့ ဆိုလာတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ အင်မတန် ကျေနပ် ဝမ်းသာကြောင်း ၊ အခု ရေးဆွဲနေတဲ့ ဥပဒေကိုလည်း USAID က အကြံဉာဏ်တွေ ထဲက လိုတာတွေ ထည့်သွင်း ရေးဆွဲသွားမှာ ဖြစ်ကြောင်းနဲ့ အားလုံးကို ဗမာလို ရေးဆွဲထားတာမို့ တရား နည်းလမ်းမကျတာ ရှိရင် ၊ လိုက်နာ ဖို့အတွက် မလွယ်ကူတာ ရှိရင် ပြန်ပြောပါ ၊ ပြန်ပြီး အကြံပြုနိုင်ပါတယ်လို့ လွှတ်တော် ဥက္ကဌ သူရ ရွှေမန်းက ပြောပါတယ်။

တခါ ငါးလုပ်ငန်း အဖွဲ့ချုပ်က ဦးဝင်းကြိုင်ကလည်း မြန်မာ နိုင်ငံမှာ လိုအပ်နေတဲ့ အကူအညီတွေက နည်းပညာ ၊ ငွေကြေး နဲ့ လယ်သမား အကျိုး စီးပွား ကာကွယ်ရေး ဥပဒေ တွေကို ရေးဆွဲ ဖို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဲဒီ အထဲက နည်းပညာနဲ့ ငွေကြေးက အမေရိကန် အစိုးရ ပေါ်လစီနဲ့ ဆိုင်ပြီး လယ်သမား အကျိုးကတော့ ကောင်းမွန်တဲ့ ဥပဒေ ဖြစ်အောင် သူတို့တွေက အကူအညီတောင်း ဖြည့်စွက် အကြံပေးဖို့ လိုပါတယ်လို့ သူက ပြောပါတယ်။

အမေရိကန်ဟာ စက်မှုဖွံ့ဖြိုးစဲ နိုင်ငံ ဖြစ်ပေမဲ့ ဂျုံတို့ ပြောင်းတို့လို လယ်ယာသီးနှံ တွေမှာလည်း ကမ္ဘာမှာ စံချိန် တင်အောင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းနဲ့ စက်မှု လယ်ယာ ဆိုင်ရာ ပညာတွေ ရှိပါတယ်။

အဲဒီလို နိုင်ငံက နည်းပညာ အကူညီ ရခဲ့ရင်တော့ နည်းပညာ ခေတ်နောက်ကျတာတွေ တစ်ဧက ထွက်နှုန်း နည်းတာတွေကြောင့် ဆင်းရဲတွင်း နက်နေတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရခိုင်နှုန်းဟာ လယ်သမားတွေ အတွက် မျှော်လင့်စရာ တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ