မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်ဖွဲ့စည်း

  • 7 မေ 2013
Image caption မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဌ အဖြစ် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန်ကို ခန့်

အစိုးရ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) ကို အခုရက်ပိုင်းမှာ အသစ် ပြန်လည် ဖွဲ့စည်း လိုက်ပါတယ်။

အသစ် ဖွဲ့လိုက်တဲ့ ကော်မရှင်ထဲမှာ လက်ရှိ ဥက္ကဌ ဖြစ်တဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနေရာမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်ကို တာဝန်ပေး လိုက်ပြီး အတွင်းရေးမှူး ဖြစ်တဲ့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်း နေရာမှာတော့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး ဒေါက်တာ ကံဇော် ကို ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

အခု အသစ် ဖွဲ့စည်းတဲ့ ကော်မရှင်ထဲမှာ အရပ်ဘက်က ပညာရှင်တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

အခုလို ရာထူးနေရာ ပြောင်းလဲ ခန့်အပ်လိုက်တာဟာ သင့်တော်သူတွေကို တာဝန် လွှဲပြောင်းပေးလိုက်တာ ဖြစ်သလို သမ္မတရုံး ဝန်ကြီးတွေကို အရေးကြီးတဲ့ အပိုင်းကို အချိန် ပိုပေးဖို့ ဖြစ်တယ်လို့ သမ္မတရဲ့ စီးပွားရေးနဲ့ လူမှုရေး အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

အခုလို လူပုဂ္ဂိုလ် ပြောင်းမယ့် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားပြီ ဖြစ်လို့ စိုးရိမ်စရာ မရှိဘူးလို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံရေး အကြံပေး စီးပွားရေးပညာရှင် ဦးသူရကိုက ပြောပါတယ်။