မွတ်ဆလင် ဒုက္ခသည်တွေကို ကျောက်ဖြူမှာ ထားဖို့ စီစဉ်

Image caption မွတ်ဆလင် ဒုက္ခသည် ကလေးတွေ

ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေက မွတ်ဆလင် ဒုက္ခသည်တွေကို သူတို့ရဲ့ နေရပ်ရင်း ဒေသတွေမှာ ပြန်လည် နေရာချထားရေး အတွက် စီစဉ်နေရာမှာ ကျောက်ဖြူမြို့နယ်မှာ ဆိုရင် နေရာ (၄) ခု ရာတား ထားတယ်လို့ သိရပါတယ်။

နေရာချထားနိုင်ရေး အတွက် ၀န်ကြီးအဆင့် အစိုးရ အရာရှိကြီးတွေဟာ မနေ့က ကျောက်ဖြူမြို့ကို ရောက်ရှိ လာတယ်လို့ သိရပါတယ်။

နိုင်ငံတော် အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက မူဆလင် ဒုက္ခသည်တွေကို မိုးမကျမီ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေမှာပြန်လည် နေရာချပေးရေး အတွက် စီစဉ်နေရာမှာ နယ်စပ်ရေးရာ ဒု၀န်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ကျောက်ဖြူမြို့ကို ရောက်ရှိလာပြီး နေရာချထားရေး ကိစ္စ ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ကျောက်ဖြူ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ နေရာ ၄ ခုကို အကြမ်းအားဖြင့် ရွှေးချယ်ထားတယ်လို့ ပြောဆိုတဲ့ အကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ လူငယ် ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။ အဲသလို နေရာချထားမှတ်ထားတဲ့ နေရာမှာ နားခေါင်းပေါက်နဲ့ ကုလားမကျွန်းဘက်မှာတော့ ကန့်ကွက်မူတွေ ရှိတယ်လို့ မကြားရပေမယ့် ပြင်ဖြူမော်နဲ့ နဲ့ ချိန်ခါလီနေရာတွေမှာတော့ ရွာသားတွေက သူတို့ ရွာအနီးမှာ နေရာချပေးမှာကို ဆန့်ကျင့် ကန့်ကွက် ခဲ့ကြတာကြောင့် ၀န်ကြီးတွေ အနေနဲ့ အဲဒီဒေသတွေကိုတော့ သွားရောက်မယ့် အစီအစဉ်တွေကို ရပ်နားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု နေရာချပေးဖို့ စီစဉ်တဲ့ ဒုက္ခသည်တွေဟာ အောက်တိုဘာ အရေးအခင်းကတည်းက ကျောက်ဖြူကနေ စစ်တွေ မူဆလင် ဒုက္ခသည်စခန်းတွေမှာ ခိုလုံ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရှိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ