ဗုဒ္ဓ ဘာသာ ဝင်တို့ရဲ့ အကြမ်းဖက်မှု ဒလိုင်း လားမား ဝေဖန်

Dalai Lama
Image caption ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အကြမ်း ဖက်မှုတွေ အကြောင်း မေရီလန်း တက္ကသိုလ် မှာ ဟောပြောခဲ့

ပြည်ပမှာ ခိုလှုံ နေတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လာမားက မြန်မာ နိုင်ငံနဲ့ သီရိ လင်္ကာ တို့မှာ မွတ်ဆလင် တွေကို ဗုဒ္ဓ ဘာသာဝင်တို့က အကြမ်းဖက် တိုက်ခိုက် ခဲ့မှုဟာ သိပ်ကို ဝမ်းနည်း စရာ ကောင်းတယ်လို့ ပြောဆိုလိုက် ပါတယ်။

ဘာသာ တရား အားလုံးကို လေးစားရမယ်၊ ကိုယ့် ဘာသာကို သက်ဝင် ယုံကြည်မှု မရှိ သူတွေ ကိုရော ဘယ်ဘာသာ ကိုမှ သက်ဝင် ယုံကြည်မှု မရှိ သူတွေ ကိုပါ လေးစား သင့်တယ်လို့ ဘုန်းတော်ကြီး ဒလိုင်း လားမားက ပြော ပါတယ်။

ဘာသာရေး ဆိုတဲ့ အမည် နာမ ခေါင်းစဉ် အောက်မှာ လူတွေကို သတ်ဖြတ်မှုဟာ မတွေးဝံ့ စရာပဲလို့ အမေရိကန် ပြည်ထောင်စု မေရီလန်း တက္ကသိုလ်မှာ ဟောပြောခဲ့စဉ် ဘုန်းတော်ကြီး ဒလိုင်း လားမားက အခုလို ပြောခဲ့ တာပါ။

မွတ်ဆလင် လူမှု အသိုင်း အဝိုင်း အပေါ်မှာ အဆိုးမြင်ပြီး မလိုလားတဲ့ တဲ့ စိတ်မျိုး ဖြစ်ပေါ် ကြတဲ့ ဗုဒ္ဓ ဘာသာဝင် တွေကို လည်း ဗုဒ္ဓ မြတ်စွာ ကို သတိရ ကြဖို့ တိဘက် ဘုန်းတော်ကြီးက အကြံပြု ပါတယ်။

မြန်မာ နဲ့ သီရိလင်္ကာ နိုင်ငံ နှစ်နိုင်ငံ စလုံးမှာ ဘာသာစွဲ အကြမ်းဖက်မှုတွေ ရှိခဲ့ပြီး တချို့ ဖြစ်ရပ် တွေမှာ ဗုဒ္ဓ ဘာသာဝင် သံဃာတော်တွေ ပါဝင် ပတ်သက်နေတဲ့ ကိစ္စ တွေက မကြာသေးခင် လတွေ အတွင်း ထိပ်တန်း သတင်း တွေ ဖြစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ