လက်ပံတောင်း အရေး ဖမ်းထားသူ ပြန်လွှတ်ပြီး ပုဒ်မ၁၄၄ ရုပ်သိမ်းပေးဖို့ တောင်းဆို

Image caption ဖမ်းထားသူတွေ လွှတ်ပေးဖို့နဲ့ ပုဒ်မ ၁၄၄ ရုတ်သိမ်း ပေးဖို့ တောင်းဆိုတဲ့ လက်ပံတောင်း ဒေသခံတွေ

လက်ပံတောင်းတောင် စီမံကိန်း နယ်မြေက သံဃာတော် တွေနဲ့ လယ်သမားတွေဟာ ဖမ်းထားတဲ့သူ တွေကို ပြန်လွှတ်ပေးဖို့နဲ့ သူတို့ လယ်ယာမြေတွေ ပေါ်မှာ ထုတ်ပြန် ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့ တွေကို ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုအချိန်ဟာ မိုးရာသီ စလို့ စိုက်ပျိုးဖို့ ပြင်နေတဲ့ အချိန် ဖြစ်သလို ကြေးနီ စီမံကိန်းကလည်း မကြာခင် စတော့မယ့် အချိန်မှာ ဒေသခံတွေ အတွက် စားဝတ်နေရေး အတွက် ယာမြေပေါ်မှာ ထွန်ယက် စားသောက်ဖို့ ကလွဲ ပြီး ဘာမှလုပ်စရာ မရှိတဲ့ အတွက် အသက်သေသေ ဒီလယ်တွေမှာ ဆက်ပြီး လုပ်ရမှာလို့ ဆည်တည်းရွာက မရီရီဝင်း က ပြောပါတယ်။

သူတို့ဘာကြောင့် အသက်ကိုစွန့်ပြီး ဆက်လုပ်ရတယ် ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပြရာမှာ မရီရီဝင်းက လက်ပံတောင်း စီမံကိန်း ပဋိပက္ခဟာ မြန်မာအစိုးရက ရင်ဆိုင် ဖြေရှင်းနေရတဲ့ ပြဿနာ တွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မတ်လ၂၅ ရက်က မရီရီဝင်း ယာထဲမှာ တဲဆောက် နေရာရာမှာ ရဲတပ်ဖွဲ့နဲ ရွာခံတွေ အပြန်အလှန် တိုက်ခိုက်ကြလို့ ရဲတပ်ဖွဲ့ ဖက်ကကော ဒေသခံ တွေဖက်ကပါ ဒဏ်ရာတွေ ရခဲ့ပါတယ်။

ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုး အပါအဝင် ရွာခံ ၂ ဦး ကိုလည်း ဖမ်းဆီးထားပြီး နောက်ကွယ်မှာ လူတချို့ သွေးထိုး လှုံဆော်တယ်လို့ ဆိုကာ ဝရမ်းထုတ် ထားတယ်လို့ သိရပါတယ်။

ဦးပိုင်နဲ့ ဝမ်ပေါင် ကုမ္မဏီတွေက ဒေသခံ တွေနဲ့ ညိနှိုင်းမှု မရှိတာတဲ့ အပြင် ပွင့်လင်း မြင်သာမှု မရှိတဲ့ အတွက် ဒီပဋိပက္ခကြီး ဖြစ်လာရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဦးပိုင်ဟာ သီးနှံ လျော်ကြေး ၃နှစ်စာကိုသာ ပေးတာဖြစ်ပြီး ဒါကို မြေလျော်ကြေးလို့ ပြောဆိုကာ မလိမ့်တပါတ် လုပ်ခဲ့တယ်လို့ အရင် လျော်ကြေးပေးထားတဲ့ ကိစ္စကို ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေသခံ တစ်ဦး ဖြစ်တဲ့ မစန္ဒာထွန်းက ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ