စစ်တကောင်းနဲ့ မောင်တောကို မုန်တိုင်း ဦးတည်နိုင်

  • 12 မေ 2013
Image caption မုန်တိုင်းဟာ အင်အား ပြင်းလာပြီး၊ လေတိုက်နှုန်း တနာရီ မိုင် ၈၀ နှုန်း လောက် ဖြစ်လာ နိုင်ဖွယ် ရှိ

ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ် နေတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ ပညာရှင်တွေ ခန့်မှန်း ထားတဲ့ လမ်းကြောင်း အတိုင်း သွား နေပြီး၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို မေ လ ၁၃ ရက် ည လောက်မှာ လမ်းကြောင်း ပြန်ကွေ့ပြီး ဦးတည် လာဖို့ ရှိတယ်လို့ မြန်မာ မိုးဇလ ပညာရှင် တွေက ခန့်မှန်းကြ ပါတယ်။

မုန်တိုင်းဟာ ဒီလမ်းကြောင်း အတိုင်း သွားရင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း နဲ့ ရခိုင် မြောက်ပိုင်း မောင်းတောမြို့ ဧရိယာကို ဦးတည်ဖို့ ရှိနေပါတယ်။

မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဌာန ကတော့ ရခိုင် ပြည်နယ် နဲ့ ဧရာဝတီတိုင်း ဘက်က ငါးဖမ်း စက်လှေ တွေကို ငါးဖမ်း မထွက် ကြဖို့ နဲ့ မုန်တိုင်း ခိုလှုံ မယ့် နေရာ တွေကို ရေဒီယို တီဗီ ကနေ သတင်း ထုတ်ပြန်နေ ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွန် ကြား မှူ ဦးစီးဌာန ကတော့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို ဝင်လာမယ် ပြောပါတယ်။ လူတွေ အနေနဲ့ အခု ချိန်က စပြီး မိုးလေဝသ သတင်း ကို ပုံမှန် နားထောင်ဖို့ လိုတယ် လို့လည်း ပညာရှင် တွေက ပြော ကြပါတယ်။

ရခိုင် ပြည်နယ် မြောက်ပိုင်း စစ်တွေရဲ့ အထက် မောင်တော ဘူးသီးတောင် အထိ မေလ (၁၄-၁၆) ရက် ကာလ အတွင်း အထူး သတိထားဖို့ လိုနေ ပြီးတော့ တစ်နာရီ လေတိုက်နှုန်း မိုင် ၈၀ နဲ့ မုန်တိုင်း ဒီရေ အမြင့် (၅-၇)ပေ ထိရှိ လာနိုင် ပါတယ်။

မုန်တိုင်း နဲ့ ပတ်သက် လို့ ပညာရှင်တွေက လမ်းကြောင်း အပြောင်းလဲ ရှိကောင်း ရှိနိုင်တယ်လို့ ပြော ကြပေမယ့် သူတို့ အပြောအရ ဆိုရင်၊ ရခိုင် ပြည်နယ် မြောက်ပိုင်း ကတော့ မုန်တိုင်း မလွတ် လောက်တဲ့ အခြေ အနေမှာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ