ပို့ကုန် သွင်းကုန် တင်ကြို အခွန်ဆောင် ရမယ်

Image caption အခု ကောက်မယ့် ကြိုတင် ခွန်က ဒေါ်လာနဲ့ ကောက်မှာ မဟုတ်ဘဲ မြန်မာ ကျပ်ငွေနဲ့ ကောက်မှာ ဖြစ်ပါတယ်

မြန်မာ နိုင်ငံက လုပ်ငန်းရှင် တွေဟာ ပို့ကုန် သွင်းကုန် လုပ်ရင် ကြိုတင် ပြီးတော့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင် ရတော့မှာ ဖြစ်ပါ တယ်။

အဲဒီလို စနစ်ကို မြန်မာ နိုင်ငံနဲ့ ကုန်သွယ် နေတဲ့ နယ်စပ် ဒေသ ကုန်သွယ်ရေး စခန်းတွေ၊ ဆိပ်ကမ်း တွေ၊ လေဆိပ်တွေ မှာ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ရင် လုပ်ငန်း ရှင်တွေဟာ တပြေးညီ ပေးဆောင် ရမှာ ဖြစ်ပါတယ်။

အခု ကောက်မယ့် ကြိုတင် ခွန်က ဒေါ်လာနဲ့ ကောက်မှာ မဟုတ်ဘဲ မြန်မာ ကျပ်ငွေနဲ့ ကောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်း အခွန်များ ဦးစီး ဌာနက တာဝန်ရှိသူ တစ်ဦး ကတော့ အခွန် ရှောင်တွေ များလို့ ဒီလို ကြိုကောက်တာ ဖြစ်သလို တစ်ဖက် ကလည်း မြန်မာ နိုင်ငံမှာ ပို့ကုန် သွင်းကုန် လုပ်နေတဲ့ ကုမ္ပဏီ တွေမှာ အခွန် ရှောင်တဲ့ ကုမ္ပဏီနဲ့ အခွန်ဆောင် တဲ့ ကုမ္ပဏီ တစ်ပြေးညီ ယှဉ်ပြိုင်မှု ဖြစ်လာ နိုင်အောင် ဒီစနစ် သုံးရတာ ဖြစ်တယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

မြန်မာ နိုင်ငံ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်တဲ့ ကုမ္ပဏီတွေ အခွန် ရှောင်တာ ဒီနှစ် ထဲမှာ များလာ တယ်လို့ ပြောရမှာပါ။ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ရင် ဘဏ်ကို ငွေ သွင်းစရာ မလိုတဲ့ ကြေးနန်း နဲ့ ငွေလွှဲ တဲ့ တီတီ စနစ် အစိုးရက ဒီနှစ် ထဲမှာ လျှော့ပေး လိုက်ပြီး နောက်ပိုင်းမှ ဒီလို အခွန် ရှောင်တာတွေ ပိုများ လာတယ် လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လုပ်ငန်း လုပ်ရင် ဘဏ်မှာ ငွေမသွင်းဘဲ လုပ်နိုင်တော့ ဘဏ်စာရင်းမှာ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကြောင်း အထောက် အထား ရှာမရ ဖြစ်ပြီး နှစ်ကုန် လို့ ရှိရင် အစိုးရက စစ်ဆေးရင် အခွန် မရဖြစ် တာပါ။

ဒီစနစ် အတိုင်း ဆိုရင်တော့ ပို့ကုန် သွင်းကုန် လုပ်ငန်း တွေဟာ ၂ ရာခိုင်နှုန်း ကြိုပြီးတော့ သွင်း နေရမယ့် သဘော ရှိပြီးတော့ နှစ်ကုန်ရင် ပြန်ပြီး စာရင်းရှင်း တဲ့ အခါ ပိုရင် ပြန်ထုတ်၊ လိုရင် ထပ်ဆောင်း ရမှာဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် လုပ်တဲ့ သူတွေဘက် ကတော့ ၂ ရာခိုင်နှုန်း ဆောင်ရ မှာကို လက်မတွန့် ကြပေ မယ့် နဂိုကတည်းက အဆင့်တွေ များပြီး ကြန့်ကြာ မှုတွေ ရှိနေတဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ မှာ ကြိုတင် အခွန်ဆောင် ရမယ့် စနစ်ကြောင့် ပိုပြီး ကြန့်ကြာ လာမှာကို စိုးရိမ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ