မုန်တိုင်း အကြို ပြင်ဆင် သင့်တဲ့ အချက်များ

Water Bottles
Image caption တတ်နိုင်သမျှ ရေ သိုလှောင်ထားဖို့ လိုအပ်

မဟာစင် မုန်တိုင်းဟာ ၁၆ ရက်နေ ညနေ ပိုင်းက စပြီး မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေက မောင်တော မြို့နယ် အပါအဝင် ရခိုင် ပြည်နယ်နဲ့ ချင်းပြည်နယ် အထိ အရှိန် ရိုက်ခတ် သွားနိုင်ပြီး မိုးသည်းထန် နိုင် ပါတယ်။

အဲဒီ ဒေသမှာ နေထိုင် ရောက်ရှိ နေသူတွေ ကြိုတင် ပြင်ဆင် နိုင်ဖို့နဲ့ မုန်တိုင်း လာခဲ့ရင် လုပ်ဆောင် သင့်တဲ့ အချက် အလက် တွေကို လိုက်နာ ဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။

ရေဒီယိုနဲ့ ရုပ်မြင် သံကြားက လွှင့်တဲ့ မုန်တိုင်း နောက်ဆုံး အခြေ အနေနဲ့ ရာသီ ဥတု သတင်း တွေကို အိမ်သားတွေ အမြဲမပြတ် နားထောင် သင့်တယ် လို့ Care Myanmar ပရဟိတ အဖွဲ့က အရေးပေါ် တုံ့ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဦးသူရထွန်းက ပြောပါတယ်။

နောက် တစ်ချက်က နေရာ ရွှေ့ပြောင်းတဲ့ နေရာက ဘယ်နေရာ၊ ပြေးတဲ့ လမ်းကြောင်း တွေက ဘယ်မှာ ဆိုပြီး အာဏာပိုင်တွေ အသိပေးတဲ့ နေရာတွေ ကိုလည်း အိမ်သားတိုင်း သိအောင် ပြောပြ ထားသင့် တယ်လို့ ဆို ပါတယ်။

တခါ မိသားစု အသက်မွေး ဝမ်းကျောင်းနဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို သိုလှောင် သိမ်းဆည်းဖို့ ကြိုတင် လုပ်သင့် သလို နေအိမ် တွေကို လေဒဏ် ခံနိုင်အောင် ပြင်ဆင် ထားသင့် ပါတယ်။

ဥပမာ အားဖြင့် အိမ်တွေရဲ့ ယက်မတွေ ထုပ်တန်းတွေကို ကြိုးတွေနဲ့ တုပ်နှောင် ထားတာမျိုး ဖြစ်ပါတယ်။

ဘေးကင်းရေး အတွက် ရပ်ရွာ ရဲ့ စီမံမှု အစီ အစဉ်တွေမှာ ပါဝင် သင့်ပြီး သောက်သုံးရေ အတွက် လူတစ်ယောက်ကို တစ်ရက်စာ ရေသန့်ဘူး လေးဘူး စုဆောင်းသင့် ပါတယ်။

မိသားစုဝင် အရေ အတွက်နဲ့ ညီမျှတဲ့ ရေလည်း ရှိသင့် ပါတယ်။ အစား အစာ အတွက် ဆိုရင်တော့ ရိက္ခာခြောက် တွေဖြစ်တဲ့ ခေါက်ဆွဲခြောက်တွေ၊ ရိက္ခာ ဖြည့်ထားတဲ့ ဘီစကစ် တွေက အသင့် တော်ဆုံး ဖြစ်ပါတယ်။

နောက်ပိုင်း ရေလွှမ်းမှု ဖြစ်လာခဲ့ရင် ရေကနေ ပေါက်ပွားတဲ့ ဘက်တီးရီးယား ပိုးတွေကို ကာကွယ် နိုင်အောင် အညစ် အကြေး အသေအချာ စွန့်ပစ်ဖို့ စက္ကူတွေ ပလပ်စတစ် အိတ်တွေကို လက်လှမ်းမီ သလောက် ယူထားသင့် တယ်လို့ Care Myanmar ပရဟိတ အဖွဲ့က အရေးပေါ် တုံ့ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဦးသူရထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ