မဟာစင် အရှေ့မြောက်ဖက်ကို ဆက်ရွေ့

Image caption မဟာစင် မွှေနှောက်မှု အခြေအနေ

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းနဲ့ ပတ်သက်လို့ မေလ ၁၅ ရက် မြန်မာ စံတော်ချိန် မနက် ၅နာရီခွဲ ခန့်မှန်းချက် အရ မုန်တိုင်းဟာ မေလ ၁၅ရက် မနက် ၃ နာရီခွဲ အချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။

ဒီမုန်တိုင်းဟာ လွန်ခဲ့တဲ့(၆)နာရီ အတွင်း အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျားနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းရဲ့ ဗဟိုအနီးမှာ လေတိုက်နှုန်းက 45 KNOTS(55 MPH) နှုန်း ရှိနေတယ်လို့ သိရပြီး မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

နောက်(၄၈)နာရီ အကြာ မေလ ၁၇ ရက် မနက် ၃နာရီခွဲ လောက်မှာ မုန်တိုင်း အရွယ် အကျယ်(အချင်း)က 150 NM (180 miles) ရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက်(၃၆)နာရီ အကြာ မေလ ၁၆ ရက် မနက် ၃နာရီခွဲမှာ မုန်တိုင်းဟာ အား အကောင်းဆုံး ဖြစ်လာနိုင်ပြီး အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းတွေ အတွင်း မျောပါရွေ့လျား သွားနိုင်တယ် လို့ ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်တယ်လို့ သိရပါတယ်။

မဟာစင် မုန်တိုင်းဟာ မေလ ၁၆ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ