မဟာစင် အစိမ်းရောင်ပြောင်း အားပျော့ ပျက်ပြယ်

Image caption မဟာစင် မုန်တိုင်း အားပျော့ ပျက်ပြယ် သွားပြီ

မဟာစင် မုန်တိုင်းနဲ့ ပတ်သက်လို့ မေလ ၁၆ရက်နေ့ မြန်မာ စံတော်ချိန်ည ၈ နာရီ အချိန် တိုင်းထွာချက်တွေ အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်ခဲ့တဲ့ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အရှေ့ မြောက်ဘက်ကို ဆက်လက် ရွေ့လျားလျက် လေဖိအားနည်း ရပ်၀န်းအဖြစ်ကို တစ်ဖြည်းဖြည်း အားပျော့ ပျက်ပြယ် သွားလိမ့်မယ်လို့ မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလ ဗေဒက ခန့်မှန်း ထားပါတယ်။

မုန်တိုင်းဟာ လက်ရှိ အခြေအနေမှာ အစိမ်းရောင် အခြေအနေသို့ ရောက်ရှိပြီး ရခိုင် ကမ်းရိုးတန်းမှာ မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ကနေ တိမ်ထူထပ်နေပြီး မြစ်၀ကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မိုးသက် လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ်လို့ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ