မဟာစင် ဝင်တော့မယ်လို့ အစိုးရ ကြေညာ

Cyclone Mahasen Burma Rakhine

မဟာစင် မုန်တိုင်း ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတို့ ကြားကနေ ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ထုတ်ပြန်လိုက်ပါတယ်။

<span > ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ နောက်ထပ် ၁၆ နာရီခွဲလောက် အကြာမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဆိုပါတယ်။

<span >မြန်မာဘက်ခြမ်းမှာတော့ မောင်တောကို အရင်ဝင်မှာ ဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူတွေကို ဆက်လက် ရိုက်ခတ်သွားမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီကို ပြောပါတယ်။

<span >မဟာစင် မုန်တိုင်းကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မိုးရွာသွန်းပြီး ရေကြီးတာ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

<span >