အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ ထောင်ကြွေးကျန် ရှိသင့်ပါလား

  • 16 မေ 2013
Image caption နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်ကို မကြာသေးခင် ကြွေးကျန် ထောင်ဒဏ်နဲ့ ပြန်ထောင်ချခဲ့

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းခွင့်နဲ့ အကျဉ်းသားတွေ လွှတ်ပေး ခဲ့ရာမှာ နောင်ပြစ်မှု ကျူးလွန်ရင် ကျန်နေတဲ့ ထောင်ဒဏ်ကို တပေါင်းတည်း ကျခံရမယ် ဆိုတဲ့ ခံဝန်နဲ့ လွှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်ကို မကြာသေးခင် ကလည်း ဒီလို ကြွေးကျန် ထောင်ဒဏ်နဲ့ ပြန်ထောင်ချ ခဲ့တာ တွေ့ရပါတယ်။ ထောင်ဒဏ် ကြွေးကျန် ရှိနေတာနဲ့ ပတ်သက်လို့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြား စိုးရိမ် မှုတွေ ရှိနေကြ ပါတယ်။

အခုလို အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်နေ တယ်ဆိုတဲ့ အချိန် ကာလမှာ ထောင်ကြွေးကျန် ကိစ္စ ရှိသင့် ပါရဲ့လား။ သောတရှင်တွေရဲ့ အယူ အဆ အတွေး အမြင်တွေကို လာမယ့် မေလ ၁၈ ရက် စနေနေ့ည ဘီဘီစီရဲ့ လွတ်လပ် အတွေးဆွေးနွေး ဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဝင်ဆွေးနွေးလိုသူတွေ ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။