စစ်တကောင်းမြို့အနီးမှ မုန်တိုင်း စဝင်

  • 16 မေ 2013
မုန်တိုင်း ကြောင့် မောင်တော မြို့နယ် ကမ်းခြေမှာ ရေလှိုင်းဟာ (၆)ပေ ကနေ(၈)ပေခန့် အထိ မြင့်တက် နိုင်

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ ဒီကနေ့ ညနေ ၃ နာရီခွဲ လောက် အချိန်မှာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့ အနီး ကနေ ဖြတ်ကျော် ဝင်ရောက် နေပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကနေ သတင်း ထုတ်ပြန်ထား ပါတယ်။

လေတိုက်နှုန်း တနာရီ ကီလို ၁၀၀ လောက် အထိ ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် ဘက်မှာ သစ်ပင်တွေ ပိလို့ အနည်း ဆုံး လူ ၁၂ ဦး သေဆုံး သွားခဲ့ ပါတယ်။ လူပေါင်း ၁ သန်း ကျော် ဟာလည်း အရေးပေါ် ကယ်ဆယ်ရေး နေရာတွေမှာ ခိုလှုံနေ ကြပါတယ်။

ကော့ဇ်ဘဇား နဲ့ စစ်တကောင်း ဒေသ တို့ကတော့ မုန်တိုင်း ဒဏ် အဆိုးဆုံး ခံရမယ့် နေရာတွေ ဖြစ်ပါတယ်။

ဆိုင်ကလုန်းရဲ့ လက်ရှိ အခြေ အနေမှာ အညိုရောင် အခြေ အနေ ဖြစ်ပြီး၊ မုန်တိုင်း ဖြတ်ကျော်တဲ့ အချိန် လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၅၀)မှ မိုင်(၆၀)ခန့် အထိ ရှိနိုင် တယ်လို့ လည်း ခန့်မှန်း ထား ပါတယ်။

မုန်တိုင်း ကြောင့် မောင်တော မြို့နယ် ကမ်းခြေမှာ ရေလှိုင်းဟာ (၆)ပေ ကနေ (၈)ပေ ခန့် အထိ မြင့်တက် နိုင်ပြီး၊ စစ်တွေ ခရိုင် ကမ်းခြေ မှာတော့ (၄)ပေ ကနေ(၆)ပေ ခန့် မြင့်တက် နိုင်ပါတယ်။

မုန်တိုင်းနှင့် အတူ မိုးသည်း ထန်စွာရွာ သွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာ ကွက်ပြီး မိုးကြီးနိုင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ