မုန်တိုင်းကြောင့်မသေ လှေမှောက်သေဆုံးခဲ့သူများ

  • 17 မေ 2013
Mahasen
Image caption မဟာစင် မုန်တိုင်း စိုးရိမ်သလောက် အန္တရာယ် မကျရောက်ခဲ့

တနင်္လာနေ့က မုန်တိုင်းရန်ကို ကြောက်ရွံ့ပြီး လှေစီးရွှေ့ပြောင်းခဲ့သူ မွတ်ဆလင် ရိုဟင်ဂျာ ၁၃၈ ယောက်ပါဝင်တဲ့ လှေမှောက်ပြီး ၉၅ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

လှေနဲ့ အတူပါခဲ့ပြီး အသက်မသေ ကျန်ရစ်သူတဦးနဲ့ ဘီဘီစီက သီးသန့် အင်တာဗျူး မေးမြန်းခွင့် ရခဲ့ပါတယ်။

အစိုးရ အာဏာပိုင်တွေက မသွားဖို့ တားတဲ့ ကြားက သူတို့က မုန်တိုင်းရန်ကို ကြောက်ရွံ့သလို မြန်မာ အာဏာပိုင်တွေ ၊ စစ်တပ်အဖွဲ့အစည်းတွေကို မယုံကြည်လို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ထွက်ခွာ သွားခဲ့ကြတာ ဖြစ်ပါတယ်။

လှေနဲ့ အတူ ရိုဟင်ဂျာ ၁၃၈ ယောက်ပါပြီး ၄၃ ယောက် သာ အသက်ရှင်ခဲ့ပါတယ်။

ည ၁၀ နာရီမှာ လှေစတင် ထွက်ခွာပြီး သူတို့ ထွက်ခွာပြီး ၂ နာရီကျော်အကြာမှာ ကျောက်ဆောင်တခုကို တိုက်မိခဲ့ပါတယ်။ တိုက်မိတဲ့ အချိန်မှာ ကမ်းခြေနဲ့ ပေ ၅၀၀ ကျော်ကွာဝေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကျောက်ဆောင်နဲ့ တိုက်မိချိန်မှာ လှေကွဲအက်ပြီး ၅ မိနစ်အတွင်းမှာပဲ လှေ နစ်မြုပ်ခဲ့ပါတယ်။

လူကြီးတချို့က ရေချိုထည့်တဲ့ ဂါလံပုံးတွေကို ကိုင်ပြီး ရေကူးခဲ့ပါတယ်။

အများစု အသက်သေဆုံးခဲ့ကြပါတယ်။