မဟာစင် ရှောင်သူတွေ အိမ်ပြန်ပြီ

Rakhine, Sittwe
Image caption မဟာစင် မုန်တိုင်း မတိုင်ခင် စစ်တွေက မြင်ကွင်း

မေလ ၁၆ ရက်နေ့က ရခိုင် ပြည်နယ်ကို ဖြတ်သန်း တိုက်ခတ်မယ်လို့ ခန့်မှန်းခဲ့တဲ့ မဟာစင် မုန်တိုင်း ဝင်ရောက်မှု မရှိတော့လို့ လေမုန်တိုင်း တိမ်းရှောင် သူတွေ သူတို့ နေရပ်ကို ပြန်ကြပြီ ဖြစ်ပါတယ်။

ပြည်နယ် အစိုးရနဲ့ စစ်တပ်ရဲ့ တို့က ပူးပေါင်း စီစဉ်ပေးနေတယ်လို့ စစ်တွေ ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ရဲမင်းသူက ဘီဘီစီကို ပြောပါတယ်။

သက်ကယ်ပြင်က ဒုက္ခသည် တစ်ယောက်ကလည်း သူတို့ကို ပံ့ပိုး ပေးတဲ့ ဆန်တွေကို ယူပြီး မူရင်း နေရာကို ပြန်ပြီလို့ ပြောပါတယ်။

ရာသီ ဥတု ကောင်းမွန်လာတဲ့ အတွက် စနေနေ့က စပြီး ပင်လယ် ရေလမ်း ခရီး အတွက် ရေယာဉ်တွေလည်း ပြန်လည် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လည်း ကမ်းရိုးတန်းကို တိုက်ခတ် ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မတိုင်ခင် ဘေးလွတ်ရာကို ထွက်ခွာ သွားခဲ့ ကြတဲ့ သောင်းနဲ့ ချီသူတွေ သူတို့ နေအိမ် တွေဆီ ပြန်သွား နေကြ ပါပြီ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ ၁၃ ယောက် ထက် မနည်း သေဆုံးခဲ့ ပါတယ်။

ဒါပေမဲ့ မုန်တိုင်းကြောင့် ထိခိုက်မှု ကတော့ မူလက ကြိုတင် ခန့်မှန်း ထားတာထက် သိသိ သာသာကို လျော့ပါးခဲ့ ပါတယ်။

မုန်တိုင်း အန္တရာယ်ကြောင့် ပိတ်ထားခဲ့တဲ့ လေကြောင်းနဲ့ ရေကြောင်း သယ်ယူ ပို့ဆောင်ရေး တွေကိုလည်း ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ