သမ္မတ ဦးသိန်းစိန်ကို မြန်မာသံရုံးဧည့်ခံ

  • 19 မေ 2013
bbc_uts_304x171
Image caption သမ္မတ ဦးသိန်းစိန် မြန်မာသံရုံးမှာ မိန့်ခွန်းပြော

အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ဟာ ဝါရှင်တန် မြန်မာသံရုံး မှာ သံရုံးဝန်ထမ်းများနဲ့ အတူ ဖိတ်ကြားသူများ နှင့် ပါ တွေ့ဆုံပြီး နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြား ရာမှာ မြန်မာနိုင်ငံ ရဲ့ လက်ရှိ အနေအထား နဲ့ ယခင် ဒီမိုကရေစီ ခေတ် ကိုပါ ထည့်သွင်း ပြောကြား တဲ့ အကြောင်း ဧည့်ခံပွဲ တက်ရောက် တဲ့ ဘီဘီစီ ဝိုင်းတော်သား ကိုရင်မောင် က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု ပြုနေရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းအရာတွေ လည်း ထည့်သွင်း ပြောသွားပါတယ်။ သမ္မတ ကြီးနဲ့ အတူ လိုက်ပါ သွားသူ တွေထဲမှာ ကာကွယ်ရေး နဲ့ရော စီးပွားရေး နဲ့ပါ ပတ်သက်တဲ့ ဝန်ကြီးတွေ နဲ့ ထိတ်တန်း အစိုးရအရာရှိ တွေ ပါဝင်တဲ့ အတွက်၊ အမေရိကန် အစိုးရ နဲ့ ဆွေးနွေးရာ မှာလည်း ဒီအချက်တွေ ပါဝင်ဖို့ ရှိနိုင်ကြောင်း၊ ဧည့်ခံပွဲ တက် ဧည့်သည် တွေ နဲ့ ဆွေးနွေးခွင့် ရတဲ့ ကိုရင်မောင် က ပြောပါတယ်။

အမေရိကန် ဘက် ကလည်း သမ္မတ အိုဘားမား ကိုယ်တိုင်ဖိတ်ကြားတဲ့ ခရီးစဉ် ဖြစ်တဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ကို တိုးမြှင့် ဆောင်ရွက်လိုပုံ ရပေမယ့်၊ တလှမ်းချင်း၊ တဆင့်ချင်း ချဉ်းကပ်ပုံ ရကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံ ကြား ရင်းနှီးမြှုပ်နှံမှု အသစ် ကို ခွင့်မပြုတဲ့ ဥပဒေ ကို သက်တမ်း တနှစ် တိုးလိုက် ပေမယ့်၊ တဖက်မှာတော့ အစိုးရ အရာရှိကြီးတွေ နဲ့ သူတို့နဲ့ အကျိုးတူ စီးပွားဖက် တွေ အပေါ် ဗီဇာ ပိတ်ပင်ထားတာကို လျှော့ပေး လိုက်တာ တွေ ကို ကိုရင်မောင် က သုံးသပ်ပြပါတယ်။

လာမယ့် ဇွန်လ မှာ ကုန်သွယ်ရေး အထူးအခွင့်အရေး GSP ကို ပြန်လည် သုံးသပ်မယ့် အနေအထား လည်း ရှိတဲ့ အတွက်၊ တနင်္လာနေ့ ကျရင် သမ္မတ အိုဘားမား နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံကြတဲ့ အခါမှာ ထွက်ပေါ် လာမယ့် ရလဒ် ကို စောင့်ကြည့် ဖို့ လိုပုံတွေ ကိုရင်မောင် က ရှင်းပြပါတယ်။