မီဒီယာ ဖွံ့ဖြိုးရေး အကြိတ် အနယ် ဆွေးနွေး

Burma Media Conference
Image caption အသံလွှင့် မီဒီယာ ဥပဒေကို မကြာခင် ချပြ နိုင် မယ်လို့ အစိုးရ မျှော်လင့်

မီဒီယာ ဥပဒေ မှာ ထည့်သွင်း သင့်တဲ့ အချက် တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သတင်း သမားတွေ ကြားမှာ အကြိတ် အနယ် ညှိနှိုင်း ဆွေးနွေး နေကြချိန် မှာပဲ မြန်မာ နိုင်ငံရဲ့ မီဒီယာဖွံ့ဖြိုးရေး ဆိုင်ရာ ဒုတိယအကြိမ် ညီလာခံကို တနင်္လာ နေ့က စတင် ဖွင့်လှစ်ခဲ့ ပါတယ်။

ပထမအကြိမ် ညီလာခံတုန်းက မီဒီယာ ဥပဒေကြမ်းကို အစိုးရက ရေးဆွဲ နေချိန် ဖြစ်လို့ လူထုကို ချမပြနိုင် သေးတဲ့ အနေ အထား ဖြစ်ပြီး အခု ဒုတိယအကြိမ်မှာ တော့ သီးခြား လွပ်လပ်တဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့က မီဒီယာ ဥပဒေကို ရေးဆွဲ နေတဲ့ အခြေ အနေ ဖြစ်ပါတယ်။

စာနယ်ဇင်း ကောင်စီက မီဒီယာ ဥပဒေကို ရေးဆွဲ နေတဲ့ တချိန်တည်း မှာပဲ အစိုးရ ကလည်း ပုံနှိပ် လုပ်ငန်း ဥပဒေကို ရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြုဖို့ တင်ထား ပါပြီ။

ဒါဟာ သူတို့ကို တဘက်လှည့်နဲ့ ထိန်းချုပ်ဖို့ ကြိုးစား တာလို့ စာနယ်ဇင်း သမားတွေ ဘက်က ယူဆကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသီဟစောက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ အစဉ် အလာ အရ ပုံနှိပ် လုပ်ငန်းက အားကောင်းခဲ့ပြီး၊ အတွေ့ အကြုံ ရှိတဲ့ သတင်း သမားတွေ ဟာလည်း ပုံနှိပ် မီဒီယာမှာ ပိုများ ပါတယ်။

အသံလွှင့် မီဒီယာ မှာတော့ အစိုးရ ဒါမှ မဟုတ် အစိုးရနဲ့ နီးစပ် သူတွေသာ လွှမ်းမိုး ထားတယ် ဆိုတဲ့ ဝေဖန် မှုတွေ ကလည်း ရှိနေ ပါတယ်။

အသံလွှင့် မီဒီယာ ဖွံ့ဖြိုးရေး အတွက် အစိုးရရဲ့ လုပ်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ အဓိက ပါဝင် ဆွေးနွေး ခဲ့သူ မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား အစီ အစဉ် ညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေက မကြာခင် အသံလွှင့် လုပ်ငန်း ဆိုင်ရာ ဥပဒေကို ချပြ နိုင်တော့ မယ်လို့ ဆိုပါတယ်။

လောလောဆယ် အဲဒီ ဥပဒေကို FM ရေဒီယို ထုတ်လွှင့်သူ တွေနဲ့ တခြား အသံလွှင့် လုပ်ငန်း လုပ်နေ သူတွေ အပြင် စာနယ်ဇင်း ကောင်စီကိုလည်း ဖြန့်ဝေ ထားတာကြောင့် တစ်လ နှစ်လ အတွင်းမှာ ထင်သာ မြင်သာ ပုံစံ ဖြစ်လာ မယ်လို့ သူက ပြောပါတယ်။

ညီလာခံ ဒုတိယ မြောက်နေ့ မှာတော့ နောက်ထပ် အသေးစိတ် ဆွေးနွေးမှု တွေကို ထပ်ပြီး ကြားလာရ နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ