သမ္မတ ဦးသိန်းစိန် မစ္စတာ အိုဘားမားနဲ့ တွေ့မယ်

  • 20 မေ 2013
Image caption တနင်္ဂနွေနေ့ ကတော့ ဗွီအိုအေ အသံလွှင့် ဌာနမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေ နဲ့ တွေ့ဆုံခဲ့

အမေရိကန် သမ္မတ အိုဘားမား ဟာ မြန်မာ သမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ ဒီကနေ့ လက်ခံ တွေ့ဆုံပြီး ဆွေးနွေး မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပစ်ပယ်မှုကို အရင်က ခံခဲ့ရ ဖူးတဲ့ မြန်မာ နိုင်ငံ အပေါ် မစ္စတာ အိုဘားမား အစိုးရ အနေနဲ့ ပြန်ပြီး နေရာပေး ဆက်ဆံ တာ ဟာ အရမ်း မြန်ဆန် လွန်းလှ တယ်လို့ ဝေဖန် သူတွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အိမ်ဖြူတော် ခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ နီးပါး အတွင်း နိုင်ငံ့ ခေါင်းဆောင် တဦး အနေနဲ့ ပထမဦးဆုံး အလည် အပတ် ခရီး ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ ရေးမှာ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုး တိုက်တက် မှုတွေက တဆင့် အထောက်အကူ ဖြစ်ဖို့လည်း လိုအပ် တယ် ဆိုတဲ့ အကြောင်း မြန်မာ သမ္မတက မစ္စတာ အိုဘားမား ကို ပြောကြားကာ၊ အဲဒီ အတွက် အမေရိကန်ရဲ့ လက်ကျန် ဒဏ်ခတ် ပိတ်ဆို့ ထားမှု တွေကို ဖယ်ရှား ပေးဖို့ သမ္မတ အိုဘားမားကို တိုက်တွန်း လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

အမေရိကန် အရာရှိတွေ ကတော့ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် ချက်တွေ အတွက် အခွင့် အရေး ပေးသင့် တယ်လို့ ယုံကြည် နေကြ ပါတယ်။

မြန်မာ သမ္မတရဲ့ အခု ခရီးစဉ် အပေါ် အမေရိကန် ပြည်ထောင်စုမှာ စိတ်ဝင်စား သူတွေ က ကြိုဆိုကြ သလို၊ ကန့်ကွက် ဆန္ဒပြတဲ့ သူတွေ လည်း ရှိကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ