ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်

  • 24 မေ 2013
abe
Image caption မြန်မာနိုင်ငံရောက် ဂျပန်ဝန်ကြီးချုပ်

မြန်မာ နိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုတွေ စတင်ခဲ့ အပြီး ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ လာရောက် နေကြ ရာမှာ အခုလည်း ဂျပန် နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်တဲ့ မစ္စတာ ရှင်ဇို အာဘေး မြန်မာ နိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သူနဲ့ အတူ စီးပွားရေး လုပ်ငန်းတွေက ကိုယ်စားလှယ် တွေလည်း လိုက်ပါ လာကြ တယ်လို့ သိရပါတယ်။

အဲဒါကြောင့်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေကို တိုးမြှင့် ဆောင်ရွက်သွား နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။

မစ္စတာ အာဘေးဟာ မြန်မာ နိုင်ငံအတွက် ပမာဏ များပြားတဲ့ အကူအညီတွေ ပေးအပ်ဖို့ကိုလည်း အခု ခရီးစဉ်မှာ ပြောကြားလိမ့်မယ်လို့လည်း မျှော်လင့် ရပါတယ်။

ဂျပန် နိုင်ငံဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအရေး ရှေးရှုတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ၊ တရားဥပဒေ စိုးမိုး ရေးနဲ့ ဈေးကွက် စီးပွားရေး ကဏ္ဍတွေမှာ အပြည့်အဝ အကူအညီတွေ ပေးလိုတဲ့ အကြောင်း ဂျပန် အစိုးရရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ