မြန်မာဖွံ့ဖြိုးရေး အတွက် ဂျပန်ကူညီမယ်

Image caption မြန်မာ နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုလည်း ထောက်ခံ အားပေး သွားမှာ ဖြစ်တယ် လို့ပြော

မြန်မာနိုင်ငံကို ရောက်ရှိ နေတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက မြန်မာ နိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ကူညီ ဆောင်ရွက်ဖို့ လာရောက်တာ ဖြစ်တယ် လို့ ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုလည်း ထောက်ခံ အားပေး သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင် များ အသင်းချုပ် UMFCCI မှာ ကျင်းပတဲ့ ဂျပန် မြန်မာ စီးပွားရေး ဖိုရမ်မှာ မစ္စတာ အာဘေးက ပြောကြား သွားပါတယ်။

မစ္စတာ အာဘေးနဲ့ အဖွဲ့ဟာ မေလ ၂၅ ရက်နေ့ မနက်ပိုင်း ကတော့ ရန်ကုန်မြို့ အာဇာနည် ကုန်းကို သွားရောက်ပြီး လွမ်းသူ့ ပန်းခွေ ချခဲ့ပါတယ်။

နေ့လယ်ပိုင်း မှာတော့ သံလျင်က သီလဝါ အထူး စီးပွားရေး ဇုန်ဘက်ကို သွားရောက်ခဲ့ သလို ညနေပိုင်း မှာတော့ အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာ နိုင်ငံကို သောကြာနေ့က ရောက်ရှိ လာပြီး ဒါဟာ ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံ အကြီး အကဲ တယောက်ရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။