KIO နဲ့ အစိုးရ ဆွေးနွေးပွဲ စဖို့ပြင်

kio
Image caption ဝန်ကြီး ဦးအောင်မင်းက အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကို ခေါင်းဆောင် ဆွေးနွေး

KIO ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ မေလ ၂၈ ရက်နေ့မှာ မြစ်ကြီးနားမှာ ၈ ကြိမ်မြောက် ဆွေးနွေး ပွဲ ပြန်စဖို့ ပြင်ဆင် နေကြပါပြီ။

မြန်မာ အစိုးရ ဘက်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် တွေ တနင်္ဂနွေနေ့ ကထဲက မြစ်ကြီးနား ကို ရောက်နေသလို KIO ကိုယ်စားလှယ် တွေလဲ ရောက်လာ တော့မှာ ဖြစ်ပါတယ်။ စီတာပူ ရပ် မနောကွင်း ထဲက ခန်းမ ကိုလဲ ပြင်ဆင် နေပါတယ်။

မြန်မာ ဘက်က ဦးအောင်မင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဝန်ကြီး ဦးအုန်းမြင့် စသူတွေ ပါဝင်ပြီး ကချင် ဘက်က ဦးဇွန်လွတ်ဖန်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ဇော်တောင် စတဲ့ ၈ ယောက် တက်မယ်လို့ သိရပါတယ်။

တရုတ် အစိုးရ ကိုယ်စားလှယ်တွေ တက်မယ်လို့ သတင်း ဖြစ်နေပြီး ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဘီဂျေး နမ်ဘီးယားလဲ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ်လို့ သိရပါတယ်။

စစ်ပွဲ အရှိန် လျော့ကျရေးကို အဓိက ထား ဆွေးနွေးကြမှာ ဖြစ်ပြီး ပဋိပက္ခ ရပ်စဲရေး သဘော တူညီချက် ရရှိဖို့က ခက်ခဲ နေပါ သေးတယ်။

ဆွေးနွေးပွဲ အောင်မြင်မှု အရိပ်အယောင် မှန်းဆရ ခက်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ