ဂျပန်အစိုးရ နဲ့ ရန်ကုန် မြို့ပြစီမံကိန်း

yangon_flood
Image caption ရေစီးရေလာ လည်း မကောင်း တော့တဲ့ ရန်ကုန်

ဂျပန် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း JICA နဲ့ မြန်မာ အစိုးရ တို့ ပူးပေါင်းပြီး ရန်ကုန် မြို့ပြ စီမံကိန်းရေးဆွဲ နေကြရာမှာ အခု ဂျပန်ဝန်ကြီးချုပ် ခရီးစဉ် အတွင်း စီမံကိန်း အတွက် ထူးခြား တဲ့ ကတိ ပြုချက် တွေ ပေါ်ထွက် လာမလား လို့ လူအများ က မျှော်လင့် နေပါတယ်။

၂၀၄၀ ခုနှစ် ဆိုရင် ရန်ကုန် ဟာ လူဦးရေ ၁၀ သန်းကျော် နေထိုင်တဲ့ မီဂါ စီးတီး အဖြစ်ရောက်လာနိုင်တယ် လို့ ခန့်မှန်း နေကြတဲ့အတွက် ရန်ကုန် မြို့ပြစီမံကိန်း ကို မြန်မာအစိုးရ ပိုင်း က ဂျပန် နိုင်ငံနဲ့ ညှိနှိုင်းပြီး JICA အကူအညီ နဲ့ ရေးဆွဲ နေခဲ့တာပါ။

ရန်ကုန် ဟာ လူဦးရေ ထူထပ် လာတာ နဲ့ အမျှ လူနေအိမ်ယာ တွေ တိုး မလာနိုင် တာ၊ ကားလမ်း တွေ မတိုးချဲ့ လာနိုင်တာ က အစ ရေဆိုးမြောင်း မလုံလောက် တာ က အဆုံး အစစ အရာရာ လိုအပ်မှုတွေ ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန် ၂၀၁၂ မတ်လ ပိုင်း က ဂျပန်ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း ရန်ကုန် မြို့ပြ ကို စနစ်တကျ တိုးချဲ့ဖို့ ဂျပန် က ကူညီ မယ့်အကြောင်း ၂ နိုင်ငံ ကြား သဘောတူ ခဲ့ကြပါတယ်။

အခုဂျပန် ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ ဘက်က ဆွေးနွေး ကြမယ့် ကိစ္စ တွေ ထဲမှာ ဒီ အရေး ပါနိုင်သလို ဒီ စီမံကိန်း ဟာ နည်းပညာပိုင်း ဆိုင်ရာ တွေ ဘက်က လည်း လိုအပ်မှု ရှိသလို ဒေါ်လာ ဘီလီယံ အများအပြား ကုန်ကျ နိုင် တဲ့အတွက် ဂျပန် ရဲ့ အကူအညီ လိုအပ်လိမ့်မယ် လို့ ထင်ကြေး ပေးကြပါတယ်။