ဖွဲ့စည်းပုံ မှာ အဓိက ပြင်သင့်တာတွေ NLD က မကြာခင် ထုတ်ပြန်မယ်

  • 27 မေ 2013
Daw Aung San Suu Kyi
Image caption သားသမီး ဦးရေ ကန့်သတ်ချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည် ဝေဖန် ပြောခဲ့

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို ကော်မတီ ရဲ့ ပထမ အကြိမ် အစည်း အဝေး မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ထုတ် ပြန်ချက် တစ်ခုကို မကြာခင် တရားဝင် ထုတ်ပြန် သွားဖို့ ရှိတယ်လို့ ပါတီ ဥ က္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောပါ တယ် ။

ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ တိုးတက်မှု မရှိတာနဲ့ တရား ဥပဒေ စိုးမိုးမှု မရှိတာ တွေနဲ့ အခြေခံ ဥပဒေ ဆက်စပ်မှု ရှိနေတာမို့ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်း စုကြည် က ပြော ပါတယ်။

ဒါပေမဲ့ ဘယ်အချက် တွေကို ပြင်မယ် ဆိုတာကိုတော့ ပါတီရဲ့ မူဝါဒ အနေနဲ့ အခု အစည်း အဝေးမှာ ချမှတ် ခဲ့တာ မရှိပါဘူး။

ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့သလို တိုင်းရင်းသား တန်းတူ အခွင့်အရေး ရရှိဖို့ အပါအဝင် အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အခက် အခဲ ရှိနိုင် ပေမဲ့ ကြိုးစား လုပ်ဆောင်ဖို့ လိုတယ်လို့ SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက် ဖို့ကအရေးကြီးတယ်လို့ သူက ပြောပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လွှတ်တော် ထဲက အများစု ဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီက သဘော ထားပြီလို့ ဆိုဦး တောင်မှ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပြဌာန်း ထားတဲ့ ဒုတိယ အဆင့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ပြီး မဲပေး ပိုင်ခွင့် ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံ ရမယ် ဆိုတဲ့ အချက် ကြောင့် ဥပဒေ ပြုပြင် ဖို့က ထင်သလောက် မလွယ်ကူ နိုင်ပါဘူး။

ဒါ့အပြင် ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက် တွေက ဘူးသီးတောင် မောင်တောက မွတ်ဆလင်တွေ သားသမီး နှစ်ယောက်ထက် ပိုမယူရ ဘူးလို့ အာဏာပိုင် တွေရဲ့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီကိစ္စသာ မှန်ကန်ရင် ဒါဟာ ဥပဒေ ချိုးဖောက်မှု၊ လူ့ အခွင့် အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ