ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲ ကျင်းပ

  • 29 မေ 2013
knu
ကရင် လက်နက်ကိုင် ၄ ၅ဖွဲ့ထိ ကွဲသွားခဲ့

ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ပြန်ပြီး စုစည်းဖို့ ကေအင်ယူနဲ့ ခွဲထွက်အဖွဲ့ တွေကို မေလ ၂၇ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိ ပြုလုပ် နေတဲ့ ၉ ကြိမ်မြောက် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲ က ကရင် အဖွဲ့အစည်း တွေက တောင်းဆို အကြံပေး ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က ကေအင်ယူ တပ်မဟာ ၇ ရဲ့ လေးဝါး စခန်းမှာ ကျင်းပနေတဲ့ ကရင် အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကို မြန်မာနိုင်ငံ ထဲက တရားဝင် ကရင် ပါတီ ၂ ခုနဲ့ လူထု အခြေပြု အဖွဲ့တွေ၊ ကရင် လက်နက်ကိုင် ငြိမ်းအဖွဲ့တွေ ဖြစ်တဲ့ ကေအင်ယူ၊ ကရင် နယ်ခြားစောင့်တပ် ဘီဂျီအက်ဖ်၊ ဟောင်သရောနဲ့ သံတောင် ငြိမ်းချမ်းရေး အဖွဲ့ တွေနဲ့ ပြည်ပက ကရင်လူထု အခြေပြုအဖွဲ့တွေ အပါအဝင် အဖွဲ့ပေါင်း ၄ဝ လောက်က ကိုယ်စားလှယ် ၁၅ဝ နီးပါး တက်ရောက်ခဲ့ ပါတယ်။

ဒါပေမဲ့ အဲဒီအထဲမှာ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ ဒီကေဘီအေနဲ့ ဦးထိန်မောင်ရဲ့ ကေအင်ယူ၊ ကေအင်အယ်လ် ငြိမ်းအဖွဲ့တွေ မတက်ရောက်ခဲ့ ပါဘူး။ အဲဒီနှစ်ဖွဲ့ မတက်တာနဲ့ ပတ်သက်ပြီးတော့ ဒီနှီးနှောဖလှယ်ပွဲ ကျင်းပရေး ကော်မီတီက ရှင်းလင်း ပြောကြား ခြင်း မရှိ ပါဘူး။

လောလောဆယ် ကေအင်ယူရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဦးထိန်မောင်အဖွဲ့နဲ့ ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့တွေကို သွားရောက် ဆွေးနွေးမှုတွေ လုပ်နေပြီလို့ ကေအင်ယူ ဘက်က ပြောပါတယ်။

နောက်ပြီးတော့ ဒီနှီးနှောဖလှယ်ပွဲကို တက်လာတဲ့ ဖလုံ၊စဝေါ် ပါတီ ကိုယ်စားလှယ် က ဒီနှီးနှောဖလှယ်ပွဲက တောင်းဆိုချက်တွေကို လွှတ်တော်မှာ တင်ပြသွားမှာ ဖြစ်သလို နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခွင့် ရတဲ့ အချိန်မှာ တိုက်ရိုက် တင်ပြ သွားမယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ