တေးရေးဆရာ ကေအေတီ ကွယ်လွန်

Image caption ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၈ နှစ် အရွယ် ဖြစ်ပါတယ်

နိုင်ငံကျော် တေးရေး ဆရာ ကေအေတီ ခေါ် ဦးကျော်အောင်သစ်ဟာ နှလုံး ရောဂါနဲ့ ဇွန်လ ၁ ရက် ညနေပိုင်းက သျှင်ပါကူ အထူးကု ဆေးရုံမှာ ကွယ်လွန် အနိစ္စ ရောက်သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၈ နှစ် အရွယ် ဖြစ်ပါတယ်။

ဆရာ ကေအေတီ ရေးတဲ့ တေးသီချင်း အတော် များများကို နာမည်ကျော် ရော့ခ် ဂီတ အဆိုတော် အတော် များများ သီဆိုဖူး ကြတာ ဖြစ်ပါတယ်။

သူ ရေးတဲ့ သီချင်း အတော် များများနဲ့ နာမည်ကြီး ခဲ့တဲ့ အဆိုတော် Rဇာနည် ကလည်း အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ဘီဘီစီကို ပြန်ပြောင်း ပြောပြ ပါတယ်။

ဆရာ ကေအေတီမှာ မိသားစု အနေနဲ့ ဇနီးသည်နဲ့ မိဘ၂ ပါး ကျန်ရစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ