မြန်မာနိုင်ငံမှာ ကိုကာကိုလာ စက်ရုံဖွင့်ပြီ

  • 4 ဇွန် 2013
burma_cocacola
Image caption မြန်မာပြည်မှာ ကိုကာကိုလာထုတ်ပြီ

ကမ္ဘာကျော် ကိုကာကိုလာ ကုမ္ပဏီရဲ့အအေး ပုလင်း စက်ရုံကို မြန်မာ နိုင်ငံ အတွင်းမှာ ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ မြန်မာ နိုင်ငံမှာ ကိုကာကိုလာ အချိုရည် ကုမ္ပဏီ အတွက် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ် ထုတ်လုပ် နိုင်ခြင်းလည်း ဖြစ်ပါတယ်။

ကိုကာကိုလာက နောက် ၅ နှစ်အတွင်းမှာ ဒေါ်လာ သန်းပေါင်း ၂၀၀ လောက် သုံးစွဲသွားဖို့ အစီအစဉ် ရှိကြောင်းနဲ့ အလုပ်အကိုင်သစ်ပေါင်း ထောင်နဲ့ ချီလို့ ဖော်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကိုကာကိုလာဟာ ပြီးခဲ့တဲ့ ၂ နှစ်က မြန်မာ နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးပိုင်း တွေမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင်ခဲ့လို့ မြန်မာ နိုင်ငံအပေါ်မှာ ချမှတ် ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုတ်သိမ်း ခဲ့တဲ့ နောက်မှာ ပထမဆုံး ဝင် ရောက်လာတဲ့ အမေရိကန် ကုမ္ပဏီ ကြီးတွေထဲက တခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ