ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်ရဲ့မြန်မာ့ ခရီးစဉ်

_britain_millitary_burma
Image caption ဗြိတိသျှ နဲ့ မြန်မာ တပ်မတော် ဆက်ဆံရေး တိုးမြှင့်

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဟာ ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာ့ တပ်မတော် နဲ့ ဆက်ဆံရေး ကို အလေးထားတဲ့ သဘော ပြသ ကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ် ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ General Sir David Richards တို့ တွေ့ဆုံရာ မှာ ၂ နိုင်ငံ စစ်တပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ ကြ ပါတယ်။

ဒါ့အပြင် လူသားစွမ်းအင် မြှင့်တင်ရေး အပိုင်း လည်း ထည့်သွင်း ဆွေးနွေးကြောင်း သိရပါတယ်။ General Sir David Richards ဟာ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော်တွင်းမှာ လည်း စစ်တပ် က ကိုယ်စားလှယ် အနေနဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်နေလို့ မြန်မာ့ နိုင်ငံရေး မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ က ရှိနေတာကြောင့် အခုလို သံတမန်ရေး ဆက်ဆံမှုတွေ ရဲ့ စောစောပိုင်းကာလမှာ ဗြိတိသျှ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦး မြန်မာနိုင်ငံ ကို သွားရောက် ခြင်း ဟာ ထူးခြားတဲ့ ခရီးစဉ် လို့ မြင်နိုင်ကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။