PR အတွက် တိုင်းရင်းသား ပါတီများ ပြင်ဆင်

  • 5 ဇွန် 2013
myanmar election parliament
Image caption လွှတ်တော် နိုင်ငံရေးမှာ ပိုမို စုစည်း လာကြတဲ့ လူမျိုးစု အမတ်များ

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျ ရွေးကောက်တဲ့ စနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့ရင် တိုင်းရင်းသား ပါတီတွေ စုပေါင်း ပြီး ဖက်ဒရယ် ပြည်ထောင်စု ပါတီဖွဲ့ကာ တိုင်း ဒေသတွေ ကနေ ယှဉ်ပြိုင် သွားမယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က ပြောပါတယ်။

ဒီစနစ်ကို တိုင်းရင်းသား ပါတီတွေ လက်မခံကြ ပေမယ့် လွှတ်တော်မှာ မဲအများနဲ့ ဆုံးဖြတ်ရင် နိုင်ခြေ မရှိတဲ့ အတွက် PR စနစ်အရ အချိုးကျ ရွေးကောက် ခံရဖို့ အတွက် နေရာ များများမှာ ဝင်ပြီး ယှဉ်ပြိုင်ဖို့ ဒီလို စဉ်းစား ရတယ်လို့လဲ သူက ဆိုပါတယ်။

ပြည်နယ် ဒေသတွေမှာ သာမက မြန်မာ အများစု နေထိုင်ရာ တိုင်းဒေသ တွေမှာလဲ လူနည်းစု တိုင်းရင်းသားတွေ ပြန့်နှံ့ နေထိုင်ကြတဲ့ အတွက် သူတို့ကို ကိုယ်စားပြုဖို့ နေရာတွေ တိုးချဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ