၂၀၁၅ မှာ သမ္မတ လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

  • 6 ဇွန် 2013

နေပြည်တော်မှာ ဒီကနေ့ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ World Economic Forum for East Asia အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံကြီးမှာ ဘီဘီစီကမ္ဘာ့သတင်း ရုပ်မြင်သံကြား အစီအစဉ်ကနေ မြန်မာနိုင်ငံရဲ့ အနာဂတ်ဘာလဲ ဆိုတဲ့ ဆွေးနွေးခန်းကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အခြေအတင် ဆွေးနွေးခန်းမှာ ဒေါ်အောင် ဆန်းစုကြည်က ၂၀၁၅ မှာ သမ္မတ လုပ်ချင်ပါတယ်လို့ ခပ်ဘွင်း ဘွင်း ပြောခဲ့ပါတယ်။

ဒီဆွေးနွေးခန်းမှာ ဒေါ် အောင် ဆန်း စုကြည်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း မဇင် မာအောင် တို့ အဓိက ပါဝင် ပြီး ဆွေးနွေးခဲ့ ကြ ပါတယ်။

ဒီညီလာခံကို တက်လာသူ အများစုက ဘီဘီစီ ရဲ့ ဆွေးနွေး ပွဲကို အထူး စိတ်ဝင်စားခဲ့ကြသလို စီးပွါး ရေး လုပ် ငန်း ရှင် တွေ ကိုယ်စား လှယ် တွေလည်း ဒီဆွေးနွေးပွဲ ကို ခန်း လုံး ပြည့် နီး ပါး တက် ရောက်ခဲ့ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေမှာ အတားအဆီး ဖြစ်နေတာတွေကိုလည်း ပြောခဲ့ပါတယ်။

အခြေခံ ဥပဒေကိစ္စအပြင် တိုင်းရင်းသားများအရေး၊ ဖက်ဒရယ်ကိစ္စ၊ နိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ၊ မျော်လင့်ချက်တွေကိုလည်း၊ ဒီဆွေးနွေး ခန်းမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

နိုင်ငံသားတွေရဲ့ အခြေခံလိုအင်ဆန္ဒကို အစိုးရက မဖြည့်ဆည်းပေးနိုင်တာနဲ့ ပတ်သက်လို့ လူတွေကအရမ်း မျှော်လင့်တယ်၊ ဒါပေမယ့် အစိုး ရ ရဲ စွမ်းဆောင်ရည်အားက နည်း နေတော့ ဒီမှာ ကွာဟနေတာပါ၊ ဒီလိုမဖြစ် ဖို့ အစိုး ရက ကြိုးစား နေပါတယ်လို့ ဝန်ကြီး ဦးစိုးသိန်း က ပြောသွားပါတယ်။

ညနေဘက် ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူသမ္မတလုပ်ချင်တယ်လို့ ပြောခဲ့တာနဲ့ပတ်သက်လို့ ထပ်မံရှင်းလင်းခဲ့ရာမှာ အခြေခံဥပဒေဟာ ပြင်ဆင်ရ ခက်တယ်ဆိုပေမယ့် မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူးလို့ ပြောသွားခဲ့ပါတယ်။

ကမ္ဘာ့ စီးပွားရေး ညီလာခံကို မနက်ဖြန်မှာလည်း ဆက်ကျင်းပမှာ ဖြစ်ပါတယ်။

ဒီညီလာခံကို နိုင်ငံပေါင်း ၅၅ နိုင်ငံက ကိုယ်စားလှယ်ပေါင်း တထောင် တက်ရောက်နေကြတာ ဖြစ်ပါတယ်။