ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ

  • 9 ဇွန် 2013
kachin
Image caption အစိုးရ စစ်သားပုံစံ လမ်းလျှောက် ဆန္ဒပြ

ကချင်ဒေသ တကျော့ပြန် စစ်ပွဲ တွေ ဖြစ် ပွား တာ ၂ နှစ်ပြည့် အထိမ်း အမှတ် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ကို စနေနေ့ မနက် ပိုင်းက ရန်ကုန် မှာ ကျင်း ပခဲ့ ပါတယ် ။

ရန်ကုန် မြို့တော်ခန်းမ ရှေ့က နေပြီး ကမ်းနားလမ်း တလျှောက် လူ ၅ဝ လောက် လမ်းလျှောက် ချီ တက် ခဲ့ ကြ ပြီး ကချင် ငြိမ်းချမ်းရေး ကွန် ယက်၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်း လျှောက် အဖွဲ့ တွေ အပါအဝင် လူမှုအဖွဲ့ အစည်း ၁၈ ဖွဲ့ ပါ ဝင် ကြပါတယ်။

အလုံမြို့နယ် သစ်တောလမ်း၊ ဇောတနာရာမ ကျောင်းတိုက် အရောက် မှာ အခမ်း အနား ကျင်းပခဲ့ ပါတယ် ။

မြန် မာ အစိုးရ စစ် တပ် နဲ့ ကေအိုင် အေ ကြား ၂နှစ်ကြာ တိုက်ပွဲ တွေ ကြောင့် ကချင် ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် တသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရ ပါတယ် ။ ကချင်နဲ့ ရှမ်းပြည်နယ် နေရာအချို့ က ကျေးရွာ အိုးအိမ်တွေ မီးလောင်ပျက်စီး ခဲ့ရပြီး လယ်ယာမြေ ဧက ထောင်ပေါင်းများစွာလဲ ပိုင်ရှင်မဲ့ ဖြစ် နေပါတယ် ။

မေ လ ၂၈ ရက် က မြစ်ကြီးနား မြို့မှာ အစိုးရနဲ့ ကေအိုင်အို သုံးရက်ကြာ ဆွေးနွေး ပြီး အချက် ၇ ချက်ပါ သဘောတူညီချက် လက်မှတ်ထိုး နိုင်ခဲ့ တာနဲ့ နှစ်ဘက် ခေါင်းဆောင်များက စစ်ဘေးဒုက္ခသည်များ အရေးကို ထည့်သွင်း အလေးပေး ဆွေးနွေးခဲ့ကြ တာကို ဒီအခမ်းအနားမှာ ကြိုဆို ကြပါတယ် ။

မြန်မာ တနိုင်ငံ လုံးမှာ ရှိ တဲ့ တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ နဲ့ ငြိမ်းချမ်းရေး ရအောင် လုပ် နေပြီး ဇူလိုင် လမှာ တနိုင်ငံ လုံး အဆင့် ငြိမ်းချမ်းရေး ရ ဖို့ အစိုး ရက ကြိုးစား ဆောင်ရွက် နေပါတယ် ။ တို တောင်း တဲ့ ကာလ အတွင်း မှာ လက် နက် ကိုင် ၁၁ဖွဲ့ နဲ့ ညှိ နှိုင်းရတာ အစိုး ရ အတွက် အင်မ တန် ခက် ခဲ ပြီး စွန့် စားရ တဲ့ အလုပ် ဖြစ် တယ် လို့ မြန်မာ သမ္မတ ဦးသိန်း စိန် က ကမ္ဘာ့ စီးပွား ရေး ဖို ရမ်မှာ ပြော ခဲ့ ပါ တယ် ။

၂နှစ်တာ စစ်မြေပြင် ဖြစ်ခဲ့ရတဲ့ ကျေးရွာ တွေ မှာ ခုထိ နှစ်ဘက် တပ်တွေ တပ်စွဲ ထားကြဆဲ ဖြစ် ပြီး တိုက်ပွဲတွေ မဖြစ်တော့ ပေမယ့် အချိန်မရွေး ပြန်ဖြစ်နိုင်လို့ စစ်ဘေး ဒုက္ခသည် အများစု နေရပ် ပြန်ရေးကို စိုးရိမ် နေကြ ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ