KNU နဲ့ မြန်မာ ငြိမ်းအဖွဲ့ ထပ်ဆွေးနွေးမယ်

  • 9 ဇွန် 2013
Image caption သမ္မတ ဦးသိန်းစိန်နဲ့ ကေအန်ယူ အကြီးအကဲ

အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကေအင်ယူနဲ့ အစိုးရကြားမှာ အခုလအတွင်း တွေ့ဆုံခဲ့ကြပြီး ဖြစ်ပေမယ့် နောက်ထပ် ညှိုနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ဦးမှာဖြစ်တယ်။

ကေအင်ယူနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့တွေ အခုတကြိမ် ထပ်တွေ့ဆုံ ဆွေးနွေးကြမှာ က ဘားအံ သို့မဟုတ် ရန်ကုန်မှာ ဖြစ်ပြီးတော့ အခုလ ဒုတိယအပတ် ဒါမှ မဟုတ်ရင် တတိယပတ်မှာ ဖြစ်မယ်လို့ ကေအင်ယူဖက်က ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးမယ့် အကြောင်းအရာကတော့ နှစ်ဖက် စစ်တပ်ကြား ကျင့်၀တ်ဆိုင်ရာ ကိစ္စတွေဖြစ် တယ်လို့ ကေအင်ယူတွဲဖက်အတွင်းရေးမှူး ၁ ပဒိုသောသီဘွဲ က ပြောပြီး code of conduct ကျင့် ၀တ်ဆိုင်ရာစည်းကမ်းချက်တွေ ထဲက အခန်း ၅ နဲ့ နှစ်ဦးနှစ်ဖက်သတ် မှတ်ထားတဲ့ စစ်နယ်မြေတွေကနေ ဆက်သွယ်တဲ့ လမ်းကြောင်းကို တိတိကျကျ သတ် မှတ်ဖို့ လိုအပ်တဲ့ အကြောင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို ဆွေးနွေးဖို့ ကြံ့ကြာ နေရတာကလည်း နှစ်ဖက်စလုံးက မအားမလပ် ဖြစ်နေတာကြောင့်လို့ ပဒိုသောသီဘွဲ က ဆိုပါတယ်။

လောလောဆယ်မှာ ကေအင်ယူက ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ဖို့အတွက်က ရေရှည် တည်တံ့တဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ လိုတယ်လို့ ကေအင်ယူဖက်က ပြောပါတယ်။

ကေအင်ယူနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက် ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်ဖို့ အချက် ၁၁ ချက်ကို နှစ်ဖက်ကြားမှာ သဘောတူ ထားပါတယ်။

အဲဒီအချက်တွေကို အကောင်အထည်ဖေါ်ဖို့ အတွက် ကေအင်ယူနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ တရား၀င် ၃ ကြိမ် တွေ့ဆုံဆွေးနွေးပြီးတော့ အလွတ်သဘောလည်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ