မလက်တို လယ်အရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရ

Image caption လယ်တွေ အသိမ်း ခံရမှုနဲ့ ပတ်သက်လို့ ဖေဖေါ်ဝါရီ လကုန်ပိုင်းက လယ်သမား တွေနဲ့ ရဲတွေ အကြား ပဋိပက္ခဖြစ်

မအူပင် မြို့နယ် မလက်တို လယ်သမား အရေး ဆောင်ရွက်သူ ကိုမောင်စိုး နဲ့ ကိုမြင့်ဦး တို့နှစ်ယောက်ကို ရဲက ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ပါတယ်။

ကိုမောင်စိုး ကိုတော့ လူသတ်မှု အပါ အဝင် အမှု ၉ မှု ဖွင့်ပြီး အာဏာပိုင် တွေက တရားစွဲ ဆိုထားပါတယ်။

မလက်တို ကျေးရွာအုပ်စု ပလောင် ကျေးရွာ အပိုင်မှာ ဖေဖေါ်ဝါရီ ၂၆ ရက်က လယ်မြေတွေ အသိမ်း ခံရမှုနဲ့ ပတ်သက်လို့ ရွာခံ လယ်သမား တွေနဲ့ လုံခြုံရေး ရဲတွေ အကြား ပဋိပက္ခ ဖြစ်ရာ ကနေ၊ လယ်သမား ၁၅ ဦး မအူပင် ဆေးရုံ တင်ထားရ သလို၊ ဆားလင်းကြီး ရဲစခန်းက ရဲတဦး ဓားခုတ် ဒဏ်ရာနဲ့ သေဆုံး သွားခဲ့တာ ဖြစ်ပါ တယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ရွာခံ ကိုမောင်စိုး နဲ့ ကိုမြင့်ဦး တို့ကို မသင်္ကာသူတွေ အဖြစ် ဇွန် လဆန်းပိုင်းက ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

ကိုမောင်စိုးကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ရုံးထုတ် မယ်လို့ သိရကြောင်း ဇနီး ဖြစ်သူ မဥမ္မာစန်း က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ