မန္တလေး ကိုင်းတန်းဈေးသည် တွေကို ထောင်ဒဏ်ချ

  • 12 ဇွန် 2013
Image caption စျေးရွှေ့ဖို့ အချိန် ထပ်ပေးဖို့ စည်ပင်ကို တောင်းဆို ခဲ့ ပေမယ့် စည်ပင်က ပယ်ချ ခဲ့တာ ဖြစ်ပါတယ်

မန္တလေး ကိုင်းတန်းစျေး ပြောင်းရွှေ့ ရေးနဲ့ ပတ်သက်ပြီး၊ မူလ နေရာမှာ ဆက်လက် ရောင်းချခွင့် ရရေး စျေးသည် တွေက မြို့တော် ဝန်ဆီ သွားရောက် တောင်းဆို ခဲ့ရာ ကနေ အလုပ် သမား အရေး ကူညီသူ ကိုအေးသိန်း အပါ အဝင် ဈေးသည် တချို့ ထောင်ဒဏ် တွေ ချမှတ် ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၈ လပိုင်းက ကိုင်းတန်း စျေးသည် တွေကို စည်ပင် သာယာ ကနေ စျေးရွှေ့ ခိုင်း ခဲ့တာ ဖြစ်ပြီး၊ စျေးသည် တွေက အချိန် ထပ်ပေးဖို့ စည်ပင်ကို တောင်းဆိုခဲ့ ပေမယ့် စည်ပင်က ပယ်ချ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကိုအေးသိန်းက စျေးသည်တွေ အတွက် သွားရောက် ကူညီပေး ခဲ့တာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ စျေးသည် တွေနဲ့ အတူ မြို့တော် ဝန်ဆီ စျေး ရောင်းချခွင့် ရရေး သွားရောက် အသနား ခံ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကို မြို့နယ် ကနေ ဆူပူမှု လုပ်တဲ့ ဆိုပြီး ဖမ်းဆီးပြီး အမှု ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ကိုအေးသိန်းက ရဲ့ အရင်း နှီးဆုံး မိတ်ဆွေ ကိုသိန်းအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး အယူခံ ဝင်သွားမှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ