ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေါ်စုကို တွေ့ဆုံ

  • 15 ဇွန် 2013
Image caption နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့လည်း ဖက်ဒရယ် အကြောင်း ဆွေးနွေးမှု တွေ ရှိခဲ့

ရန်ကုန် မြို့မှာ ရောက်ရှိ နေတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဟာ စေနေနေ့ မွန်းလွဲ ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

အဲဒီလို တွေ့ဆုံ ရာမှာ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စ အကြောင်း ဆွေးနွေး ခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည် ကလည်း အပြန် အလှန် ယုံကြည်မှု၊ တိုင်းရင်းသား တန်းတူ ညီမျှ မှုဟာ အရေးကြီး ကြောင်း ပြောခဲ့ တယ်လို့ SSA ပြောခွင့် ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ဘီဘီစီ ကို ပြောပါတယ်။

တခြား နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံပြီး ဖက်ဒရယ် ပြည်ထာင်စု အကြောင်း ဆွေးနွေးမှု တွေ ရှိခဲ့တယ် လို့လည်း ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နဲ့ အဖွဲ့ဟာ ညနေပိုင်း မှာတော့ ရန်ကုန်မြို့ MPC ငြိမ်းချမ်းရေး စင်တာမှာ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကေအန်ယူ ဥက္ကဌဗိုလ်ချုပ်ကြီး မူတူး ဆေးဖော ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ဦးအောင်မင်းတို့လည်း မနက်ပိုင်းက MPC မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါ သေးတယ်။

ကေအန်ယူ ဘက်က စောစော ပိုင်း မှာ ပြောဆို ချက်တွေ အရတော့ Code of conduct လို့ခေါ်တဲ့ တပ်ပိုင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်း တွေ အကြောင်း ဆွေးနွေး ဖို့ ရှိတယ် လို့ ဆိုပါတယ်။