ရခိုင် ၂ ပါတီ ပေါင်းစည်းရေး သဘောတူညီချက် ရရှိ

  • 15 ဇွန် 2013
Image caption ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး အထစ် အငေါ့ သိပ် မရှိဘဲ ဆောင်ရွက် နိုင်ခဲ့ ကြတယ်လို့ ပြောပါတယ်

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် တို့ စနေနေ့က ပြုလုပ်တဲ့ အစည်း အဝေးမှာ ပေါင်းစည်းရေး အတွက် သဘောတူ ညီမူ ရရှိ သွားပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရခိုင် သဟာယ အသင်း ရုံး ခန်းမမှာ ပြုလုပ်တဲ့ အစည်း အဝေးမှာ ပါတီ နှစ်ခု ပေါင်းစည်း ရေးကို သဘော တူညီမူ ရရှိ ခဲ့ကြတာ ဖြစ်ပါ တယ်။

အစည်း အဝေး ကိုတော့ တစ်ဘက် ပါတီက ကိုယ်စားလှယ် (၆) ဦးစီ တက်ရောက် ခဲ့ပြီး ရဟန်းတော် တွေနဲ့ ရခိုင် အမျိုးသားတွေ ထဲက သြဇာ တိက္ကိမ ရှိတဲ့ လူ ပုဂ္ဂိုလ် ၂၀ ခန့်လည်း အသိ သက်တွေ အဖြစ် တက်ရောက်ခဲ့ ကြပါတယ်။ အစည်း အဝေးမှာ ပေါင်းစည်း ရေးနဲ့ ပတ်သက်ပြီး အထစ် အငေါ့ သိပ် မရှိဘဲ ဆောင်ရွက် နိုင်ခဲ့ ကြတယ်လို့ ပြောပါတယ်။

ပါတီတွေ ကွဲရင် ၂၀၁၅ ခုနှစ် ရွှေးကောက် ပွဲမှာ ရခိုင် ပါတီတွေ အရှုံးနဲ့ ရင်ဆိုင် ရနိုင်တဲ့ အတွက် ရခိုင် ပြည်သူ တစ်ရပ် လုံးက ပေါင်းစည်း ရေးကို အထူး လိုလား နေတဲ့ အချိန်မှာ ခု ရလဒ် ထွက် လာတာ ကြောင့် ရခိုင် လူထု တွေရဲ့ ထောက်ခံ မူကို ပိုမို ရရှိ စေမှာ ဖြစ်ပါတယ်။

အခု ပေါင်းစည်း လိုက်တဲ့ ပါတီ နှစ်ခု ထဲက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ ၂၀၁၀ ရွေးကောက် ပွဲမှာ လွှတ်တော် နေရာ ၃၄ နေရာ အနိုင် ရရှိ ခဲ့ပြီး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ ၂၀၁၀ ရွေးကောက် ပွဲမှာ ယှဉ်ပြိုင်ခွင့် မရခဲ့ ပါဘူး။

ဒါပေမယ့်လည်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက လွှတ်တော် နေရာ ၁၁ နေရာထိ အနိုင် ရရှိ ခဲ့တဲ့ ပါတီ တစ်ခု ဖြစ်ပါတယ်။