မျိုးစောင့် ဥပဒေကြမ်း ကန့်ကွက်စာထုတ်

monk
Image caption မှော်ဘီ အစည်းအဝေးမှာ မျိုးစောင့် ဥပဒေကို ဆွေးနွေးခဲ့

သံဃာ တချို့ တင်သွင်းဖို့ ကြိုးစား နေတဲ့ မျိုးစောင့် ဥပဒေကြမ်း ဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များရဲ့ တဦးချင်း လွတ်လပ်မှု အခွင့်အရေးကို ချုပ်ချယ်ဖို့ ကြိုးစားတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာ ပါတယ်။

ဒီ ဥပဒေကြမ်းက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ချိုးဖောက်ရာ ကျတယ်လို့ ကရင် အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့၊ ၈၈ မျိုးဆက် အမျိုးသမီး အဖွဲ့ စတဲ့ အမျိုးသမီး ၇ ဖွဲ့နဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

ဒီ ဥပဒေဟာ အမျိုးသမီး တို့ရဲ့ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကား နေပြီး ဗုဒ္ဓဘာသာ ဟာ အခြား ဘာသာဝင် တွေနဲ့ ရော စပ် ယှဉ် တွဲ နေထိုင်ဖို့ ယုံ ကြည် မှု ကိုယ်ခံ အား နည်းတဲ့ ဘာသာ ဖြစ်ကြောင်း ဆိုလိုရာ ကျတယ် လို့လဲ ဒီကြေညာချက်မှာ ဖော်ပြ ပါတယ်။

ဒီဥပဒေ ကြမ်းကို ဇွန်လ (၁၃)ရက် နေ့ က မှော်ဘီမှာ ပြုလုပ်တဲ့ သံဃာ အစည်းအဝေးမှာ ဦးဝီရသူနဲ့ ရဟန်းတော် တစုက ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ အတူ ချပြ ဆွေးနွေးခဲ့တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်း ဟာလဲ လူ့အခွင့်အရေး စံနှုန်းနဲ့ မကိုက်လို့ ဒီမို ကရေစီ နိုင်ငံ တွေမှာ ပြဋ္ဌာန်း လို့ မရဘူး၊ နိုင်ငံရေးမှာ ဘာသာရေး မစွက်ဖက် သင့်ဘူး လို့လဲ ဥပဒေ ပညာရှင် ဦးကိုနီ က ပြောကြား ပါတယ်။

မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေ တွေ အရ ထိမ်းမြားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင် ဘူး လို့လဲ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ