လက်ပံတောင်း လှုပ်ရှားသူတွေကို ဝရမ်းကပ်

  • 17 ဇွန် 2013
Letpadaung
Image caption လက်ပံတောင်းပြဿနာဟာ မငြိမ်းအေးနိုင်သေး

လက်ပံတောင်း အရေးနဲ့ ပတ်သက်ပြီး မီဒီယာနဲ့ အမေး အဖြေ လုပ်ခဲ့သူ ကိုဝေဠု၊ ကိုမိုးသွေးနဲ့ စာရေး ဆရာ ဝေမှူးသွင် တို့ကို မုံရွာခရိုင် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

လက်ပံတောင်းမှာ ထွန်တုံး တိုက်ပွဲ ဆင်နွှဲလို့ ရဲက ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပဋိပက္ခ ထပ်မံ မဖြစ်ပွား ရေး ညှိနှိုင်း ပေးဖို့ ကိုမိုးသွေးနဲ့ ကိုဝေမှူးသွင် တို့ လက်ပံတောင်းကို သွားရောက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲသလို သွားရောက် ချိန်မှာ မီဒီယာနဲ့ အမေးအဖြေလုပ်ခဲ့စဉ် ပုဒ်မ ၁၄၄ ကို ဝေဖန် ပြောကြား ခဲ့ပါတယ်။

ရွာသားတွေ ကိုယ့်လယ် ကိုယ်ယာကို မရောင်းချင်ရင် မရောင်းဘဲ နေခွင့် ရှိကြောင်း သူတို့က ပြောဆို ခဲ့သလို လယ်သမား မရောင်းတဲ့ မြေကို ပုဒ်မ ၁၄၄ နယ်မြေသတ်မှတ် ကန့်သတ် တာ မသင့်တော် ကြောင်းလဲ ဝေဖန် ခဲ့ကြ ပါတယ်။

ဒီလို ဝေဖန် တာ အစိုးရကို အကြည်ညို ပျက်စေတယ် ဆိုပြီး ပုဒ်မ ၅ဝ၅ ( ခ ) နဲ့ သူတို့ကို အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဝရမ်း ထုတ်ပေမယ့် သူတို့ကို အကြောင်းကြား ဆင့်ခေါ်တာ ၊ အသိပေး တာတော့ မရှိပါဘူး။

အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားသစ် အဖြစ် အဖမ်းခံ ရသူ အများစုဟာ လက်ပံတောင်း အရေးနဲ့ ဆက်နွယ် ပတ်သက် သူတွေ ဖြစ်ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ