ရခိုင်ပါတီ နှစ်ခု ပေါင်းစည်း

  • 17 ဇွန် 2013
RNDP
Image caption RNDP ပါတီဟာ ရခိုင် ပြည်နယ် အတွင်း လွှတ်တော် အမတ် အများဆုံး ရရှိထား

ရခိုင် ပြည်နယ် အတွင်းက အဓိက နိုင်ငံရေး ပါတီကြီးတွေ ဖြစ်ကြတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နဲ့ ရခိုင် ဒီမို ကရေစီ အဖွဲ့ချုပ် ALD တို့က ရခိုင် အမျိုးသား ပါတီ ဆိုတဲ့ နာမည်သစ် နဲ့ ပါတီ တစ်ခုထဲ အဖြစ် ပူးပေါင်း လိုက်ကြ ပါတယ်။

အခုလို ပါတီကြီး နှစ်ခု ပေါင်းစည်း ရတဲ့ အကြောင်းက ရခိုင် နိုင်ငံရေး လက်ရှိ အခြေ အနေရဲ့ တောင်းဆိုမှု၊ လူထုနဲ့ သံဃာထု တို့ရဲ့ တောင်းဆိုမှု တို့ကြောင့် ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

သူတို့ ပါတီ စတင် ဖွဲ့စည်းစဉ် ကတည်းက အမျိုးသား နိုင်ငံရေး ပါတီကြီး တစ်ခု ပေါ်ပေါက်ရေးကို ရည်မှန်းခဲ့တယ်လို့ သူက ပြောပါတယ်။

ပါတီနှစ်ခု ပေါင်းစည်း ရေးကို တစ်နှစ်ကျော်ကြာ ဆွေးနွေးခဲ့တာ မအောင်မြင် ခဲ့ဘဲ အခုတော့ ရခိုင်ပြည်နယ်က နိုင်ငံရေး အခြေအနေတွေကို ထောက်ရှုပြီး နှစ်ပါတီ ပူးပေါင်းဖို့ လိုအပ် ပြီလို့ နှစ်ပါတီ စလုံးက စွဲမြဲ လက်ခံ လာကြတာလို့ လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

လက်ရှိ ရွေးကောက်ခံ ထားကြရတဲ့ လွှတ်တော် အမတ်တွေ အပါ အဝင် ပါတီ နှစ်ခု စလုံးက ပါတီဝင်တွေ အားလုံး ဟာ ပါတီသစ် ထဲကို ရောက်သွားကြမှာ ဖြစ်ပါတယ်။

အခု ပါတီသစ် အနေနဲ့ ရခိုင် ပြည်နယ်ကို ခိုင်မာပြီး လုံခြုံမှု ရှိတဲ့ အပြင် အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိအောင် ဆောင်ရွက်သွားဖို့ ရည်မှန်း ထားတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဗဟို အလုပ် အမှုဆောင်တွေ အဖြစ် ပါတီ တစ်ခုစီ ကနေ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ယောက်စီ ပါဝင်ပြီး ပါတီသစ်ကို ဦးဆောင် သွားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ