ထားဝယ်ရေနက်ဆိပ်ကမ်း ထိုင်းမြန်မာ ရှယ်ယာတဝက်စီ

  • 18 ဇွန် 2013

ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစုရှယ်ယာ တစ်ဝက်နှုန်းဆီနဲ့ ကုမ္ပဏီဖွဲ့ ဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။

မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဒုတိယဝန်ကြီးချုပ် ကီတီရတ် နာ့ ရနောင်း ဦးဆောင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ဆိုင်ရာ အဆင့်အမြင့်ဆုံး ကော်မတီရဲ့ မနေ့က ဆွေးနွေးပွဲမှာ သဘောတူ စာချုပ်ချုပ်ဆိုလိုက် တာဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စတင်ပြီး ရင်းနှီးမြှုပ်နှံခဲ့တဲ့ အီတာလျံ ထိုင်းကုမ္ပဏီကတော့ အစုရှယ်ဝင်တစ်ဦး အဖြစ်သာ ပါဝင်သွားမှာဖြစ်ပါတယ်။

ထားဆိပ်ကမ်းစီမံကိန်းကို ဂျပန်အစိုးရကလည်း စိတ်ဝင်စားနေပြီ ပထမအကြိမ် ထိုင်း မြန်မာ ဂျပန် သုံးနိုင်ငံ အလွတ်သဘော မနေ့က ဘန်ကောက်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

လောလောဆယ်မှာတော့ ထားဝယ်ကနေ ထိုင်းနိုင်ငံအထိ ကားလမ်းဖေါက်လုပ် နေတာနဲ့ အသေးစား ရေနက်ဆိပ်ကမ်း ကို စတင်အကောင်အထည်နေတယ်လို့ ဆိုပါတယ်။