Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

  • 20 ဇွန် 2013
_bbc_pills_
Image caption Hiv Aids ရောဂါ အတွက် ဆေးဝါး

Global Fund အဖွဲ့ က အေအိုင်ဒီအက်စ် တီဘီ ရောဂါ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် အသစ်ထပ်မံ ရံပုံငွေ ချပေးဖို့ ရှိရာမှာ မြန်မာ နိုင်ငံ၊ အယ်လ်ဆာဗေးဒိုး ဇင်ဘာဘွေ နိုင်ငံတွေ လက်ခံရရှိပါတယ်။ ဒီအစီအစဉ် ကို ကြိုဆိုကြောင်း UNAIDS က ကြိုဆိုပြီး လေးနှစ် အတွင်းမှာ အမေရိကန် ဒေါ်လာ ၃၅၁ သန်း ရရှိမှာပါ။

မြန်မာနိုင်ငံ မှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရ ရဲ့ စါရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်း ကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း အေအိုင်ဒီအက်စ် ဝေဒနာသည် တွေ ကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

Global Fund မြန်မာနိုင်ငံ က ထွက်ခွာသွား အပြီးမှာ 3 D Fund အနေနဲ့ ပြန်ဝင်တာ ရှိပေမယ့် အဓိက NGO တွေ ကို ထောက်ပံ့သွားတဲ့ အကြောင်း၊ ဆေးဝါး အနေနဲ့ ပိုရတာ ရှိပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အရ လုံလောက်မှု မရှိပုံ၊ ဆေးဝါးအပြင် ပညာပေးမှု အပိုင်း မှာလည်း အားနည်းနေတဲ့ အကြောင်းတွေ ဒေါ်ဖြူဖြူသင်း က ဘီဘီစီ ကို ရှင်းပြပါတယ်။

ပညာပေးမှု အပိုင်းဆိုရာမှာ ရောဂါရဖူးသူတွေ အပေါ် ပတ်ဝန်းကျင် က ခွဲခြားဆက်ဆံ တဲ့ အတွက်၊ ဒီအပိုင်း ကို ပ ပျောက်အောင် လုပ်ဖို့ လိုနေသေး တဲ့ အကြောင်း၊ ပြည်သူတွေ အကြားမှာ ထိရောက်အောင် ဒီငွေတွေ သုံးစွဲဖို့ လိုပုံတွေ ဘီဘီစီ ကို ရှင်းပြပါတယ်။