ကုသိုလ်တော် ကျောက်စာ ကုလ အသိအမှတ်ပြု

Image caption ယဉ်ကျေးမှု အမွေအနှစ်သစ် ၅၄ခုကို ဒီနှစ် အသိအမှတ်ပြု လက်ခံခဲ့

မန္တလေးမြို့က နှစ် ၁၅၀ နီးပါး သက်တမ်း ရှိပြီဖြစ်တဲ့ ပိဋကတ် ကျောက်စာတွေကို ယူနက်စကို UNESCO အဖွဲ့က Memory of the World Register စာရင်းမှာ အထောက် အထား သမိုင်း အမွေ အနှစ် တခု အဖြစ် စာရင်း သွင်းလိုက်ပြီ လို့ သိရပါတယ်။

ဒီလို ကမ္ဘာ့ အမွေအနှစ် စာရင်းမှာ မြန်မာ နိုင်ငံက ပထမဆုံး အကြိမ် ထည့်သွင်း သတ်မှတ် ခံရတဲ့ ကျောက်စာတွေ သိုမှီး ထားရှိရာ ကုသိုလ်တော် စေတီဟာ မန္တလေးမြို့တည် ၇ ဌာန အဖြစ် တပြိုင်နက် တည်ထား ခဲ့တဲ့ အဆောက် အအုံ တွေထဲမှာ မူလ ပကတိ နီးပါး ကျန်ရစ်တဲ့ အဆောက်အအုံ တခုလည်း ဖြစ်ပါတယ်။

အဲဒီကျောက်စာတွေကို မင်းတုန်းမင်းကြီးက မန္တလေးမြို့ ကုသိုလ်တော် ဘုရားအတွင်းမှာ တည်ထားခဲ့တာ ဖြစ်ပြီး ကုသိုလ်တော် ကျောက်စာတွေအဖြစ် လူသိများကြ ပါတယ်။

ဒါဟာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခုကို ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် တရား ဝင် အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဲဒီ ကုသိုလ်တော် ကျောက်စာတွေ အပါအဝင် တခြား ကမ္ဘာ့နိုင်ငံအသီးသီးက ယဉ်ကျေးမှု အမွေအနှစ်ပေါင်း ၅၄ခုကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် တွေ အဖြစ် ယူနက်စကို ကုလသမဂ္ဂအဖွဲ့က စာရင်းသွင်း အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ကနေ ၂၀ရက်နေ့အထိ တောင်ကိုးရီးယား နိုင်ငံ ဂွမ်ဂျူးမြို့မှာ ကျင်းပတဲ့ အစည်း အဝေးမှာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် ဆိုင်ရာ နိုင်ငံ တကာ အကြံပေး ကော်မီတီက စစ်ဆေး လေ့လာပြီး အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။