ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Russia ခရီး

_min_aung_hlaing
Image caption ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှ ကာကွယ်ရေး ဝန်ကြီး Sergei K Shoigu ရဲ့ ဖိတ်ကြားချက် အရ ဇွန်လ ၂၃ ရက်နေ့ က ရုရှ နိုင်ငံ သို့ ထွက်ခွာ သွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှား နိုင်ငံဆီ ပထမဆုံး ခရီးစဉ် အတွင်းမှာ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့်စေရေး နဲ့ မော်စကိုမြို့တော် နဲ့ စိန့်ပီတာစဘတ်ခ် မြို့ မှာရှိ တဲ့ ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်း၊ စက်မှု လုပ်ငန်းတွေ အပြင်၊ မြန်မာ့ တပ်မတော်မှ စေလွှတ်ထားတဲ့ ပညာတော်သင် တပ်မတော် တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အရင်တုန်း က အမေရိကန် နဲ့ မဟာမိတ် အုပ်စုတွေ ရဲ့ ရန်က ကာကွယ်ဖို့ ဆိုပြီး ရုရှ နဲ့ ရင်းနှီးစွာ ဆက်သွယ် ဆက်ဆံယင်း၊ MiG 29 တိုက်လေယာဉ်၊ ရဟတ်ယာဉ် တွေ ဝယ်ယူခြင်း စတာတွေ ပြုလုပ်ယင်း ရော့ကက် လောင်ချာ၊ အနုမြူ စီမံကိန်း စတာတွေ မှာ ရုရှ ရဲ့ အကူအညီ ရယူခဲ့ပုံတွေ ကို တပ်မတော် အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမယ့် ခေတ် စနစ် တွေ ပြောင်းလဲ လာတာနဲ့ အမျှ၊ အနုမြူ စီမံကိန်း လည်း ဆက်မလုပ်တော့ မယ့် အနေအထား ရောက်လာတဲ့ အတွက်၊ ရုရှ နဲ့ ဆက်ဆံရေး ကို လျှော့လာမှု ရှိပုံ ဦးအောင်လင်းထွဋ် က သုံးသပ်ပါတယ်။ တဘက်မှာလည်း အမေရိကန် နဲ့ ဆက်ဆံရေး အပိုင်းထဲမှာ စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှု ပြုလိုလာတဲ့ အတွက် အထိုက် အလျောက် ရုရှ ကို အကျိုး အကြောင်းရှင်းပြ ဖို့ လည်း ရှိလာပုံ ရကြောင်း ပြောပါတယ်။

မြန်မာ့ တပ်မတော် ဟာ ကွန်ပြူတာ ထေက်လှမ်းရေး စီမံကိန်းတွေ ကို အရင် အစိုးရ လက်ထက် က ရုရှ နဲ့ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ အပိုင်း တွေ ရှိခဲ့ပုံ ကို လည်း တပ်မတော် အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ ကို ပြောပြပါတယ်။