အာဏာခွဲဝေရေး သူရဦးရွှေမန်း တိုက်တွန်း

  • 24 ဇွန် 2013
Image caption ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မတီ အစည်း အဝေးမှာ ပြောကြား ခဲ့

မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ဖယ်ဒရယ် စနစ်အရ လုပ်ပိုင်ခွင့်တွေ ပေးဖို့ လိုတဲ့အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ၃ရက်တာ ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ အခုလို ပြောကြားသွားတာပါ။

PR ရွေးကောက်ပွဲစနစ် အကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ချက် တွေကိုလည်း သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ ဗဟို ကော်မီတီဝင် ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။

အခုဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကသာ ဆုံးဖြတ်ချက်ချပြီးရင် လိုအပ်ပါက လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

သူရဦးရွှေမန်း ပါတီဥက္ကဌ တာဝန်ယူဖို့ ဥက္ကဌဟောင်း ဦးသိန်းစိန်က ပေးပို့ထားတဲ့ စာကိုလည်း အခုအစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ