မြန်မာ့ရွှေစျေး နဲ့ ကမ္ဘာ့ရွှေစျေး အတက်အကျ

  • 26 ဇွန် 2013
gold_jewellery
Image caption ရွှေစျေး အတက်အကျ ဒေါ်လာစျေးနဲ့ ဆိုင်

ကမ္ဘာ့ရွှေစျေး တောက်လျှောက် ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေစျေး တက်ရာ ကနေ အခု ရက်ပိုင်း အတွင်းမှာ တော့ တဖြည်းဖြည်း ကျဆင်း လာနေ ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော် သာ ရှိပါတော့တယ်။

မြန်မာ့ရွှေစျေး ဟာ ကမ္ဘာ့ ရွှေစျေး အတိုင်း အတက် အကျ မဖြစ်ရခြင်း အကြောင်းက ကမ္ဘာ့ ရွှေစျေး ကို ဒေါ်လာစျေး ထည့်တွက်ပြီးမှ မြန်မာကျပ်ငွေ အရ ရွှေစျေး ကို တွက်တဲ့ အတွက် ကမ္ဘာ့ ရွှေစျေး ကျပေမယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေစျေး မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာစျေး တက်ရင် မြန်မာ့ရွှေစျေး ဟာလည်း ငွေလဲနှုန်း ကို အမီပြုနေလို့ ရွှေစျေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ရွှေစျေး ဟာ စျေးကစားတဲ့ အသွင် မဆောင်ဘဲ ရာသီ နဲ့ အချိန်အခါလိုက် ပြောင်းလဲ တတ်ပုံ၊ သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေစျေး အေးနေ တတ်သလို စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေစျေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ