အမေရိကန် နဲ့ မြန်မာ စီးပွားရေးပူးပေါင်းစာချုပ်

  • 28 ဇွန် 2013
_burma_us
Image caption မြန်မာ အမေရိကန် စီးပွားရေးပူးပေါင်းမှု

အမေရိကန် နဲ့ မြန်မာ အစိုးရ ဟာ ဇွန်လ ၂၇ ရက်နေ့ က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူ လက်မှတ် အသစ် ရေးထိုးလိုက် ကြပါတယ်။ အမေရိကန် သံအမတ် ဒဲရစ်မီချယ်လ် နဲ့ မြန်မာနိုင်ငံ မှအမျိုးသား စီမံကိန်း နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာ ဦးဆက်အောင် တို့ဟာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက် အသစ် တရပ် ကို လက်မှတ်ရေးထိုးလိုက်ကြတာပါ။

ဒီ သဘောတူညီချက် အရ ၂၀၁၂ ခုနှစ် က သမ္မတ အိုဘားမား က လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ ကို အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀ အကူအညီပေးမယ့် အစီအစဉ် ကို အကောင်အထည် ဖေါ်ဖို့ ဖြစါပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် အတွင်း မှာ လည်း မြန်မာနိုင်ငံ တွင်းမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တွေ တိုးတက်မှု ရှိလာတာ ကို တွေ့ရတဲ့ အကြောင်း၊ တည်တံ့မယ့် ဖွံ့ဖြိုးမှု နဲ့ စီးပွားရေး တိုးတက်တဲ့ အပိုင်း မှာ အခွင့် အရေး တွေ နဲ့ အတူ စိန်ခေါ်မှု တွေ လည်း ရှိတဲ့ အတွက် နှစ်နိုင်ငံ သဘောတူညီချက် တွေ ဟာ ဆိုရင် နိုင်ငံ ပြုပြင်ပြောင်းလဲ ရေး အပိုင်း ကိုလည်း အထောက်အကူ ပြုမယ့် အကြောင်းတွေ အမေရိကန် သံအမတ် ဒဲရစ်မီချယ်လ် က ပြောသွားပါတယ်။

ပူးပေါင်း ဆောင်ရွက် အကူအညီပေးမှု ကို USAID အမေရိကန် နိုင်ငံတကာ ကူညီထောက်ပံ့ရေး အေဂျင်စီ က ဦးဆောင် အကောင်အထည် ဖေါ်ပေးမှာ ဖြစ်ပါတယ်။ USAID ဟာ ပြည်ပ နိုင်ငံတွေရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု၊ ငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်ရေး၊ စားနပ်ရိက္ခာ ဖူလုံမှု နဲ့ ကျန်းမာရေး ကဏ္ဍ တွေမှာ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။