မိတ္ထီလာ အဓိကရုဏ်းပါဝင်သူ ထောင်ဒဏ် ၇နှစ်

  • 28 ဇွန် 2013
meiktila_burning_houses_
Image caption မိတ္ထီလာ အဓိကရုဏ်း

မိတ္ထီလာ မြို့မှာ ပြီးခဲ့တဲ့ မတ်လ အတွင်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်း အတွင်း ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက် စစ်ဆေး ပြစ်ဒဏ် ချမှတ် နေရာမှာ အသက် ၂၄ နှစ် အရွယ် မြန်မာ အမျိုးသား တစ်ယောက် ကို ခရိုင်တရားရုံး က ဒီကနေ့ ထောင်ဒဏ် အပြစ် ပေးလိုက်ပါတယ်။

ကိုတာတာစိုး ဆိုသူကို ပုဒ်မ ၃၀၂ မျဉ်းစောင်း ၁၁၄၊ လူသတ်မှု မှာ ပါဝင်ပတ်သက်သူ အဖြစ် ထောင်ဒဏ် ၇ နှစ် အပြစ်ချမှတ်လိုက်ပါတယ်။ မိတ္ထီလာ ခရိုင် တရားရုံးကနေ အပြစ်ဒဏ် ချမှတ် ခံခဲ့ရသူ ကိုတာတာစိုးရဲ့ အမှုနဲ့ ပတ်သက်လို့ မိတ္ထိလာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေ ကလူသတ်မှု အနေနဲ့ ပုဒ်မ ၃၀၂နဲ့ အားပေး ကူညီမှု အရ ပုဒ်မ ၁၁၄ တပ်ပြီး မိတ္ထီလာ ခရိုင် တရားရုံး မှ အမိန့်ချမှတ် ပုံ ကို ဘီဘီစီ ကို ရှင်းပြ တာပါ။

ကိုတာတာစိုး ဟာ မိတ္ထီလာ နန်းတော်ကုန်း ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး ကျဘန်း အလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း မိတ္ထိလာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေ က ပြောပြပါတယ်။