၈၈ မျိုးဆက် ညီလာခံ စတင်

  • 29 ဇွန် 2013
Image caption ပြည်ပရောက် ၈၈ မျိုးဆက် အင်အားစု တွေနဲ့ အထဲက အင်အားစုတွေ ပူးတွဲ ဆောင်ရွက်ဖို့ လို

ကနေဒါ နိုင်ငံ တိုရွန်တို မြို့မှာ ဆွေးနွေး ကျင်းပ နေတဲ့ ၈၈ မျိုးဆက်များ ညီလာခံမှာ ရန်ကုန်က ၈၈ ကျောင်းသား ခေါင်းဆောင် တချို့ အပါ အဝင် မြောက် အမေရိက က ၈၈ မျိုးဆက် လှုပ်ရှား သူတွေ တက်ရောက် နေကြပါတယ်။

ညီလာခံမှာ လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်း အလဲမှာ ပြည်ပရောက် ၈၈ အင်အားစု တွေရဲ့ အခန်း ကဏ္ဍနဲ့ ပြည်တွင်း ပြည်ပ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။

စီးပွားရေး အပြောင်း အလဲ နဲ့ ပတ်သက်ပြီး အခြေခံ လူထု လူတန်းစား တွေ အတွက် ဘယ်လောက် အကျိုး ရှိအောင် ဆောင်ရွက် နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ အခမ်း အနားကို စီစဉ်သူ တဦး ဖြစ်တဲ့ ကိုတင်မောင်ထူး က ဘီဘီစီကို ပြောပါတယ်။

ပြည်ပမှာ ရောက်နေတဲ့ ၈၈ မျိုးဆက် အင်အားစု တွေနဲ့ အထဲက အင်အားစုတွေ ပူးတွဲ ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ လည်း ကိုတင်မောင်ထူးက ပြောပါတယ်။

ဒီညီလာခံမှာ တိုင်းရင်းသား အရေး ကိစ္စ ကိုလည်း အလေးထား ဆွေးနွေး သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ